Thursday, May 14, 2009

အမှတ်ရစရာ အချိန်လေးများ


ဝါ၀ါ ငယ်ဘ၀ကို အရမ်းသတိရတာပဲ..ဘာလို့လဲဆိုတော့ ပူပင်စရာ မရှိလို့ပါ..အသက်ကြီးလာလေ စိတ်ပူစရာတာ များလာလေပဲ .. ငယ်တုန်းကဆိုရင် ဘယ်သွားမယ် ဘာစားမယ် ဘာဝယ်မလဲ စာဖတ်တာက လွဲလို့ပေါ့နော်..

မှတ်မိတာ သူငယ်တန်းအခန်းမှာ တုန်းက တူတူထိုင်ဖြစ်တဲ့ သူငယ်ချင်း ၁ ယောက်ရှိပါတယ်..အခန်းတွေက S ကစတယ်..အနောက်မှာ A B C..လိုက်တယ်..တတန်း အတန်းတင်ပြီးလို့ ရှိရင် ရတဲ့အမှတ် နဲ့ခွဲတယ်..ဒါကြောင့် အခန်းတွေက မတူဘဲ ဖြစ်ကုန် တယ်..နောက်ပိုင်းတော့ အခန်း မခွဲတော့ဘူး..တစ်တန်းရောက်တော့ အခန်းတွေကွဲ သွားတော့ အတူတူ မဟုတ်တော့ဘူး .. ဘယ်သူနဲ့ ထိုင်လဲ သိပ်မသိတော့ဘူး..နှစ်တန်း ရောက်တော့ မ- နှင့် အတူတူထိုင်ဖြစ်တယ်..သုံးတန်း ရောက်တော့ ထပ်ကွဲသွား ပြန်ပြီ..

လေးတန်းရောက်တော့ ပြန်တွဲဖြစ်တယ်..ဒါပေမယ့် သူမှာ သူငယ်ချင်း နှစ်ယောက်ရှိတယ်လေ..၀ါ ပါပါရင် လေးယောက် ဖြစ်သွားတယ်လေ...အဲဒီတုန်း က ရုပ်ရှင်ကားတကားတင် တယ်..နာမည်က သူရဲလေးကောင်လေ ..အသေ အချာတော့ မသိတော့ဘူး..၀ါတို့ကလဲ လေးယောက်ဆိုတော့ ၀ါတို့ လေးယောက်ကို သူရဲလေးကောင် လို့ခေါ်တယ်လေ .. ကျောင်းမှာ အားလပ် ချိန်ဆိုရင် ရုပ်ရှင်ဝှက်တမ်း ဆော့ဖြစ်တာ များတယ်..တန်းစီနေတုန်း ကြိုးခုန်ကြတယ်..

အဲလိုနဲ့ ကစားရင်း ကျောင်းတက်ရင်း စာဖတ်ရင်း ကိုးတန်းရောက်လာတယ်.. ကိုးတန်းရောက်တော့ သူငယ်ချင်း နှစ်ယောက် အတူတူ ၀ိုင်း တက်ဖြစ်တယ်..အဲဒီမှာ နှစ်ယောက် ထပ်တိုး လာတယ်.. ဆယ်တန်း အထိ ကျောင်းမှာတော့ အတူတူုပါပဲ.. ကျူရှင်မှာတော့ အကုန်လုံးတော့ အတူတူ မတက်ဖြစ်ပါဘူး..၀ါတို့ ဆယ်တန်းရောက်တော့ ကျောင်းကိုအချိန်ပြည့် တက်ရတယ်လေ..၇၅ ရာခိုင်နှုန်း ပြည့်အောင် တက်ရတယ်လေ..၀ါတို့ အရှေ့ တနှစ်ကလူတွေဆို အချိန်ပြည့် တက်စရာ မလိုဘူး..

ငယ်ငယ်တုန်းက ဆိုရင် တက္ကသိုလ်တက် ရရင် ပျော်စရာကောင်းမှာ ပဲဆိုလို့ မျှော်နေရ တာအမောပဲ..ဒါပေမယ့် ဆယ်တန်း ပြီးတော့ တက္ကသိုလ်က မဖွင့်သေးဘူးလေ.. ကျောင်းက ပိတ်ထားတုန်း.. အဲဒါမှာ ဒီကိုရောက်လာတာပဲ..ဒီမှာ တစ်နှစ်နေပြီး ရန်ကုန်ပြန်ပြီး တက္ကသိုလ် ပြန်သွားတက်တယ်.. ပထမ တရက်ကျောင်းသွားတော့ စိတ်ကိုညစ်သွားတာပဲ.. ဘာလို့လဲ ဆိုတော့ မပြောတော့ပါဘူး .. (အကြောင်းရင်းက စာမေးပွဲ အရမ်းနှီး နေလို့ပါ.. ခေါင်းထဲမှာ အပူမီးတွေ တောက်နေတယ်လေ.. ဘယ်လိုဖြေရမလဲဆိုတာ.. စာကလဲ မဖတ်တာကြာပြီဆိုတော့ ဘယ်လို ရိုက်သွင်းရမှန်း တောင်မသိတော့ဘူး)

တနှစ်တက်ပြီး နောက်တနှစ်ရောက်တော့ ဆောက်လုပ်ဆဲ ကျောင်းသစ်ကို ပြောင်းသွားရတယ်.. ကျောင်းတက်တာ ပျော်စရာကောင်းလာ ပါတယ်.. ဒါပေမယ့် ကျောင်းကတော့ ပြေးတုန်းပဲ.. ၇၅ ရာခိုင်နှုန်းတော့ ပြည့်အောင် တွက်ပြီး တက်ပါတယ်.. ကိုယ့်အခန်း အားလပ်ချိန်ဆို ရင် သူများ အခန်းကို လိုက်ပြေးတက်တယ်.. ဒါဆိုရင် ပြေးလို့ ရတဲ့ ရက်တွေ ထွက်လာပါတယ်.. အဲဒါနဲ့ နောက်ဆုံးနှစ်ကို ပြီးသွားပါတယ်.. မကြာပါဘူး..ဒီကိုပြန်ရောက်လာတယ်.. ဒီမှာပဲခဏတာ ရပ်လိုက်ပါတော့မယ်..

1 comment:

Han Thu said...

Yayy!!
ဒဂုံ(၁) Rocks!!
အစ်မကဘယ် Batch ကလဲမသိဘူးနော်...
ဘာပဲပြောပြော တွေ့ရတာဝမ်းသာပါတယ်....

ံဟန်သူ :)