Thursday, May 7, 2009

DAISO ဈေးဝယ်ထွက်ခြင်း

ဟိုနေ့က Global Mall လေးရောက်တုန်း Daiso ဂျပန်ကုန်တိုက်ကို ရောက်ခဲ့ပြန်တယ်.. Global Mall အကြောင်းကိုတော့ ပို့စ်လေးရေးခဲ့ဖူးပါတယ်... Daiso ဆိုတာ ဂျပန်မှာ ၁၉၇၂ တုန်းက စဖွင့်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၂၅၀၀ ရှိပါတယ်.. အခြား နိုင်ငံ မှာတော့ ၄၇၀ ရှိပြီး ထိုင်ဝမ်း ဆိုင်ခွဲ ၁၂ ဆိုင်ပါ အပါအ၀င်ပါ....သူတို့ရဲ့ website လေးက ဒီမှာပါ... ပစ္စည်းအမျိုးအစုံ ရောင်းပါတယ်.. အစားအသောက်၊ အလှကုန်ပစ္စည်း၊ မီးဖိုချောင်သုံး ပစ္စည်းအမျိုးမျိုး နှင့် အိမ်အသုံးအဆောင် ပစ္စည်း စုံလိုပါပဲ...ဒီနိုင်ငံမှာတော့ ဆိုင်ထဲက ဘာပစ္စည်း ဝယ်ဝယ် NT $ 39 ကျသင့် ပါတယ်။ အဲဒီနေ့က ပစ္စည်း ရှစ်မျိုးဝယ်လိုက်တာ NT $ 312 ကျသင့်သွားပါတယ်။ မုန့်လဲ ဝယ်ဖြစ်လို့ ပို့စ်တင်လိုက်ပါတယ်။ သုံးဆောင်ကြပါဦး....



2 comments:

WWKM said...

မမတို့ဆီမှာ ယန်း၁၀၀ ဆိုင်နဲ့ တူတူပေါ့.. တိုင်ဝမ်းမှာ
ရှိတယ်လား..ကောင်းပါ့နော်... ၀ယ်လို့အရမ်းကောင်း.
မြန်မာငွေနဲ့တွက်ရင် ပစ္စည်းတစ်ခုကို ၁၂၀၀ ကျပ်လောက်ကျတယ်လေ...ညီမလေးတို့ဆီမှာရော.မြန်မာငွေနဲ့တွက်ရင် ဘယ်လောက်ကျလဲ..အတူတူလောက်ပဲ ထင်တယ်နော်....
မမတောင် ပို့စ်လေးတင်ရမလားလို့ ယန်း၁၀၀ ဆိုင်ရောက်တော့ ဓါတ်ပုံရိုက်ထားဖြစ်သေးတယ်...း)

ဟဟ စုံနေတာပဲ..ဘလော့ဂင်မှပဲ သွားလေရာသတင်းထောက်လုပ်ရတာနော့..း)

မျှဝေပေးတာကျေးဇူးပါ ညီမလေး.. မမက တခြားနိုင်ငံ
တွေမှာရှိတာ မသိဘူးရယ်...
မမ မြန်မာပြည်ပြန်ရောက်ရင် အဲလိုဆိုင်ဖွင့်ချင်နေတာ
လေ... စိတ်ကူးယဉ်တာ..စိတ်ကူးယဉ်တာ..
ကျပ်တစ်ထောင်ဆိုင်ပေါ့... ဟဟ.. မလွယ်လောက်ဖူး
ထင်တယ်... :P :P

သူကြီးမင်း (တုံးဖလား) said...

ဝါ၀ါရေ..
ဈေးခဏခဏထွက်ဝယ်ဖြစ်တယ်ထင်တယ်။
ဝက်တုပ်ကွေးလဲ သတိထားဦးနော်။ လူများတဲ့အရပ်ဆို ပိုရှောင်ရမယ်တဲ့။