Sunday, May 10, 2009

အမေများနေ့

ဒီနေ့ မေလရဲ့ ဒုတိယပါတ် တနင်္ဂနွေနေ့ .. ကျေးဇူးကြီးမားတဲ့ မွေးမိခင် အမေများနေ့ကျရောက်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပတဲ့ နေ့ရက်တွေ မတူညီကြပါဘူး။ ဒီအောက်ကပုံလေးကတော့ မေလရဲ့ ဒုတိယပါတ် တနင်္ဂနွေနေ့ ကို အမေများနေ့လို့ သတ်မှတ် ပြီး ကျင်းပကြတဲ့ နိုင်ငံတွေကို ဝီကီကနေ တင်ပြထားပါတယ်။ ပုံကြီးချဲ့ကြည့်မှ မြင်ရမှာနော်..

အမေများနေ့မှာ အမေများအားလုံး ပျော်ရွှင်ကြပါစေ။



ကုမ္ပဏီကနေ အမေများနေ့အထိမ်းအမှတ် လူတိုင်းကို ပေးတဲ့ ကာနေးရှင်းပန်းလေးတွေပါ... အမှတ်တရ အဖြစ်တင်ထားပါတယ်...







ကိတ်မုန့်လေးတွေ သုံးဆောင်သွားပါဦး။ ဒီနေ့ညနေက အိုက်မိုင် 愛買 supermarket ကိုရောက်လို့ ဝယ်ခဲ့တာလေးတွေပါ...
ဒီမှာတော့ ကိတ်မုန့်တွေ၊ ပန်းတွေ အမေများနေ့မှာ လက်ဆောင်ပေးတာ အရမ်း ခေတ်စားပါတယ်။





No comments: