Tuesday, May 19, 2009

SHIN KONG MITSUKOSHI

အရင်လက နယ်ကိုကိစ္စ ရှိလို့ ထိုင်ပေ ဘူတာကြီး သို့ရောက်ခဲ့ပါတယ်..ရထား ကိုးနာရီ အချိန်မမှီ လို့ ဆယ်နာရီ ရထား လက်မှတ်ဝယ်ပြီး ဘူတာကြီး ရဲ့အပြင်ဘက်ထွက်လာခဲ့ပါတယ်.. ဟိုကြည့် ဒီကြည့်ရင်းနဲ့ 新光三越(SHIN KONG MITSUKOSHI) ကိုတွေ့လို့ ပါလာတဲ့ ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တယ်..တခါမှ မရိုက်ဖြစ်ဘူး..ကပ်ကျော် ကုန်တိုက်ကြီးပေါ့.. နာမည် ကထူးခြား နေတယ်မဟုတ်လား..တရုတ်နဲ့ ဂျပန် နာမည်ဖြစ်နေတယ်လေ..ဘာလို့လဲဆိုတော့ တရုတ်ကုမ္ပဏီ နှင့် ဂျပန်ကုမ္ပဏီ နှစ်ခု ပေါင်းပြီး ၁၉၈၉ ခုနစ် စတင်တည်ဆောက်ကာ ၁၉၉၃ မှာဖွင့်ထားတာပါ...ဆိုင်ခွဲ တွေလဲနေရာ အနှံ့အပြား မှာရှိပါတယ်..အရင် တုန်းကတော့ အမြင့်ဆုံး တိုက်ပေါ့...၅၁ ထပ်ရှိတယ်..၁၉၉၇ မှာတော့ Kaohsiung ရဲ့ Tuntex 85 Sky Tower တိုက်ကြီး ကပေါ်လာပြီး ၂၀၀၄ မှာတော့ Taipei 101 ကအမြင့်ဆုံး ဖြစ်လာပါတယ်..SHIN KONG MITSUKOSHI ဈေးဝယ်လမ်းညွန် စာအုပ်လေးပါ..http://www.skm.com.tw/edm/str110/200905_15TRV/index.html ... ၀ီကီ မှတဆင့် ထုတ်နှုတ်ဖော်ပြထားပါတယ်..



ဘူတာရဲ့ တောင်အပေါက် နှစ်ပါ...

ရထားပေါ်မှာ ရိုက်ထားတာပါ..

ရထားမှ အပြင်သို့ ရိုက်ထားတဲ့ပုံ....

Kaohsiung ရဲ့ Tuntex 85 Sky Tower

Taipei 101

No comments: