Wednesday, April 29, 2009

Create Photo by Photos

ဒီတခါတော့ ဓာတ်ပုံတွေကို ပြင်ရအောင်..ဓာတ်ပုံထဲသို့ ဓာတ်ပုံထပ်ထည့်ခြင်းပါ.. ဘယ်လိုလုပ်ရ မလဲဆိုတော့ ကိုယ်ဖန်တီးချင်တဲ့ ဓာတ်ပုံတပုံ ကိုအရင်ရွေးပါ..ပြီးတော့ အဲဒီဓာတ်ပုံ ပြုလုပ်ဖို့ လိုအပ်တော့ နောက်ခံ ကုန်ကြမ်း ဓာတ်ပုံ လေးတွေကို မိမိစက်ထဲက ဘယ်ဓာတ်ပုံ ဖိုဒါ ကိုမဆို အသုံးပြုနိုင်ပါတယ်.. အောက်ကပုံကတော့ မူရင်းပုံပါ..


ဒီပုံကတော့ ဆော့ဝဲ ကိုအသုံးပြုပြီး ဖန်တီးထားတာပါ.. ပုံပေါ်သို့ ကလစ်နှိပ်ပြီး ချဲ့ကြည့်ပါက ဓာတ်ပုံသေးသေးလေး တွေနဲ့ စုပေါင်းပြီး ပုံကြီးဖန်တီးထားတာ တွေ့ရမှာဖြစ်ပါတယ်...



Software download လုပ်ရန် ဒီနေရာကို နှိပ်ပါ။

မြင်ကွင်းကျယ်သို့...

Friday, April 24, 2009

ရဲ့လျို Yehliu (野柳) သို့အလည်တခေါက်

ကိုနေလင်းကပို့စ်လေးတင်ပါအုံး ဆိုလို့ ဘာတင်ရမှန်း မသိလို့ ၀ါဝါ ရောက်ဖူးတဲ့ ရဲ့လျို အကြောင်းလေးကို ရေးသားလိုက်ပါတယ်..၀ီကီ မှသင့်တော် သလိုဘာသာ ပြန်ပေးထားပါတယ်..၀ါဝါ ရောက်တုန်းက ဓါတ်ပုံ ရိုက်ခဲ့တယ်.. ဒါပေမယ့် မသိမ်းထားလို့ ကိုယ်တိုင်ရိုက်ထား တဲ့ပုံလေးတွေကို မတင်ဖြစ်ပါ..၀ီကီ နှင့် google မှပုံတွေကို ကူးယူဖော်ပြထားပါတယ်..

နာမည်ကျော် ရဲ့လျို Yehliu (野柳)အငူလေးဟာ ထိုင်ဝမ်းကျွန်းရဲ့ မြောက်ဘက် ကမ်းရိုးတန်း၊ ထိုင်ပေ နဲ့ ကျီးလုန် မြို့နယ် နှစ်ခုကြား မှာ တည်ရှိပါတယ်.. အငူလေးဟာ မီတာ ၁၇၀၀ ရှည်လျားပြီး သထွင်တောင်မှ ပင်လယ်ပြင်အထိ ဖြန့်ကျက်တည်ရှိနေပါတယ်.. အတိအကျပြောရရင်တော့ ဝမ့်လီ မြို့နယ်၊ ထိုင်ပေ မှာတည်ရှိတာပါ.. ပင်လယ်ရေ ၊ လေ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ထူးထွေဆန်းပြားတဲ့ ကျောက်တုံးပုံစံတွေဟာ အဲဒီဒေသကို နာမည်ကျော်ကြားစေပါတယ်.. ရဲ့လျို သဘာဝဥယျာဉ် နဲ့ မြောက်ဘက်ကမ်းရိုးတန်း ကွမ်းရင်စန်း နိုင်ငံတော် ရှုခင်းကြည့် နေရာမှာ သွားရောက် ရှုစားနိုင် ပါတယ်.. ကျောက်တုံးတွေရဲ့ ပုံစံလေးတွေကို လိုက်ပြီး အမည်သညာ အမျိုးမျိုးပေးထားပါသေးတယ်.. နာမည် အကျော်ကြား ဆုံးကတော့ ဘုရင်မဦးခေါင်းလို့ အမည်ရတဲ့ ကျောက်တုံးကြီးပေါ့.. ဘုရင်မဦးခေါင်း ဟာနှစ်ပေါင်း ၄၀၀၀သက်တမ်း ရှိပြီး..ဘုရင်မ လည်ပင်း ဟာရေတိုက်စားမှုကြောင့် တနှစ်ထက်တနှစ် ပိုပိုပြီး သေးလာပါတယ်လို့ သိရှိရပါတယ် ..တခြား နတ်သမီး စီးတော်ဖိနပ်၊ ပျားအုံ၊ ဂျင်ဂျာ ကျောက်တုံး နဲ့ ပင်လယ် ဖယောင်းတိုင်တို့ လဲ ရှိပါသေးတယ်။

The Queen's Head (女王頭)


Sea Candles (燭台石)


Fairy's Shoe (仙女鞋)


ဒီပုံ ကတော့ နာမည်မတွေ့လို့ ကိုယ့်ကိုကိုယ် ပဲနာမည်ပေးလိုက်တော့မယ်.. မြားနတ်မောင် လို့ခေါ်ပါတယ်..


Ginger Rocks


Looking south toward the cape

မြင်ကွင်းကျယ်သို့...

Thursday, April 16, 2009

သင်္ကြန်အတွင်း အပျင်းဖြေခြင်း

ဒီနေ့ဆို သင်္ကြန်အတက်နေ့ ပေါ့နော်..ရန်ကုန် မှာတော့ နောက်ဆုံးနေ့ပေါ့နော်..ဒီမှာတော့ နှစ်ရက်နှင့် ပြီးသွားပြီ..သင်္ကြန်အတွင်း အပျင်းပြေ ဂိမ်းဆော့မယ်..အပျင်းလဲပြေ ဗဟုသုတ လဲရ ..တရုတ်စာ လေ့လာသူများအတွက်ပါ.. သိပြီးသားသူများ အတွက် မရည်ရွယ်ပါ..
http://www.hastars.com/flashgame/play.asp?g=haBrainEng


ပုံရဲ့ ညာဘက်ထောင့် မှဝင်ပြီး တခြား ကစားနည်းများလဲ ရှိပါတယ်..

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကြပါစေ..နှစ်ဆန်းတရက်နေ့ မှာဥပုသ် စောင့်ဖို့ မမေ့ကြနဲ့နော်...
BYE BYE....

မြင်ကွင်းကျယ်သို့...

Sunday, April 12, 2009

ကျုံးဟော် သင်္ကြန် ပွဲတော်

နှစ်သစ်မှာ အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ကြပါစေ..လိုအင်ဆန္ဒ လဲပြည့်ဝ ကြပါစေ...ဒီနေ့ မြေအောက်ရထားဘူတာ ဘေးနားမှာ သင်္ကြန် ထပ်လုပ်ပါတယ်.. မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိပါ..အစီအစဉ် တွေက အများကြီးပါပဲ.. ဆိုကြမယ်.. ကကြမယ်..အမေးအဖြေ လုပ်တယ်..ဖက်ရှင်ပွဲ..ဒေါင်းအက.. ထီးအလှက.. ပြီးတော့ မြန်မာ အသွားအပြန် ယိုးဒယား အသွားအပြန် လေယာဉ်လက်မှတ် တစ်စောင်စီ မဲဖောက်ပေးအုံးမှာ...
ဒီပုံကတော့ အ၀င်ဝ မုခ်ဦးမှာ အမှတ်တရ ရိုက်ထားတာပါ..


စင်ပေါ်မှာ အမြောက်တွေနဲ့ ဘာလုပ်တာလဲ မသိဘူး..ဟီးဟီး..


ဒီပုံကတော့ လူကြီးအလာကို ဆီးကြိုနေတာပါ..တိုင်းရင်းသားဝတ်စုံတွေနဲ့...



မီးသတ်ကား တစ်စီး နဲ့ ကလေးတွေ စည်ကားနေတာပဲ...




ရေပြွတ်နဲ့ ရေပုံးလဲဖို့ တန်းစီနေကြတာပါ.. ၀ါဝါ တို့လဲ အပါအ၀င်ပဲလေ..


ဒီရေပြွတ် ကြီးတော့ မဟုတ်ဘူးနော်.. တပုံကျော် က သေးသေးလေးတွေနော်...





အားလုံး နောင်နှစ်မှာ ပြန်လည်ဆုံတွေ့ကြပါစို့...

မြင်ကွင်းကျယ်သို့...

Wednesday, April 8, 2009

ဈေးဝယ်ထွက် ကြရအောင်

တရက် အင်တာနက် ဈေးဝယ်ထွက်တာ ဟိုကြည့် ဒီကြည့် စိတ်ဝင်စားဖို့ တခုတွေ့သွားတယ်.. အောက်မှာဖော်ပြထားတဲ့ ပုံတွေပါ.. TW yahoo ပစ္စည်းရောင်း တဲ့ ၀က်ဆိုဒ် ကပါ..အားကစား သုံးတာပါ.. NT 1020 ပါ..Size က ၀ မှ ၄ အထိရှိပါတယ်.. အလျား နှင့် အမြင့်လဲ အရွယ်အစား အမျိုးမျိုး ရှိပါတယ်.. အလျော့ အတင်းလဲ လုပ်လို့ ရပါတယ်.. NIKE အရည်အသွေး လောက်မီပါတယ်.. အလျှော်လဲ ခံပါတယ်..




ဒီပုံစံ မှာတော့ အရောင်လေးမျိုး ရှိပါတယ်.. NT 650 ပါ..ကဲ မိတ်ဆက်လို့ ပြီးပါပြီ.. ဘာပစ္စည်း လေးပါလဲ???.. ဖြေပြီးမှ အဖြေကို တိုက်ကြည့်ပါ...အဖြေကို မြင်ကွင်းကျယ်မှာ ဖော်ပြထားပါတယ်...




မြင်ကွင်းကျယ်သို့...

Monday, April 6, 2009

သင်္ကြန် သတင်း

သတင်း မှာပါတဲ့ ပုံတွေပါ.. The Central News Agency က ကူးယူဖော်ပြ ထားပါတယ်..



台北縣中和華新街 5日舉行潑水節活動,數百人熱鬧打起水仗,縣長周錫瑋(左)到場同樂,但成為水仗目標。中央社記者王鴻國攝 98年4月5日








台北縣中和 5日舉行緬甸潑水節活動,眾人爭睹來自緬甸的藝人表演,緬甸歸僑協會理事長趙麗屏(左3) 表示,6度獲緬甸金馬獎的Yan Aung(左4)等參與活動。中央社記者王鴻國攝 98年4月5日

မြင်ကွင်းကျယ်သို့...

Sunday, April 5, 2009

သင်္ကြန် အကြိုစတိတ်ရှိုးပွဲ

ဒီနေ့ သင်္ကြန် အကြိုစတိတ်ရှိုးပွဲ လေးလုပ်ပါတယ်.. ခုပဲ ပြန်လာတာပါ.. ပထဦးဆုံး 臺北縣長 周錫瑋 ကဖွင့်လှစ်ပေးပါတယ်.. မြန်မာတန်း ကိုလမ်းပိတ်ပြီး လုပ်ပါတယ်.. မီးသတ်ကား နှစ်ကားလဲ ရှိပါတယ်.. ကလေးတွေနဲ့ အရမ်းစည်ကား နေပါတယ်... မနေ့ည က စတိတ်ရှိုးပွဲ လဲရှိပါတယ်.. သွားမကြည့် ဖြစ်ပါ.. NT 500 ပေးရပါတယ်.. နီးလာတော့ နှစ်ရာ ပဲရှိတော့လို ပြောပါတယ်.. ဒီနေ့ တော့ free ပေါ့နော်.. အခုလာမယ့် အပတ် စနေ မှာလဲ ထပ်လုပ် အုံးမယ်... လာမယ်.. မျှော်..



အောက်ကပုံ ကတော့ သတင်းစာမှာ ပါမယ့် ပုံဖြစ်ပါတယ်..

မီးမီး အကြိုက် ကိုရန်အောင်ပေါ့ .. ဟီးဟီး ... မအိုဘူးနော်.. ဘယ်အချိန် ကြည့်ကြည့် နုပျို နေတယ်ပဲ.. ဟဲဟဲ...




မချောစုခင် ဆိုတဲ့အလှည့်.. .. ဒီမှာ ဆိုင်ခန်း တ၀က် ပေးမယ်ဆိုရင် ဒီမှာ နေခဲ့မယ်လို့ပြောတယ်.. ၇ရက်နေ့မှာ ပြန်မယ် လို့ပြောတယ်..



ကိုညီသစ်ထူးပါ..

ကိုဟင်နရီ

မကြာညိုသွယ်






မြင်ကွင်းကျယ်သို့...

Thursday, April 2, 2009

Global Mall သို့အလည်တခေါက်






အလုပ်ပိတ်ရက်မှာ Global mall သို့ ရုပ်ရှင်ကြည့်ဖို့ ရောက်ရှိခဲ့တယ်..ရုပ်ရှင်ကြည့်မလား ဈေးဝယ်မလား ကစားမလား မုန့်စားမလား အစုံရှိပါတယ်...













ကိုယ်စားချင်တာမှာ ပြီးပိုက်ဆံရှင်းတုန်းက ပုံမှာပြထားတဲ့ ပစ္စည်းကိုပေး လိုက်တယ်..ဘာခေါ်လဲ တော့မသိဘူး... ကိုယ်မှာထားတာ ရလို့ရှိရင် ဒီပစ္စည်း လေးက တုန်ပြီးမီးလင်းလာတယ်.. ဒါဆိုသွားယူလို့ရပါပြီ...






မှာထားတဲ့ ထမင်းပွဲ လေးရောက်လာပါပြီ.. ထမင်းပန်းကန် ကသေးလွန်းလို့ မနည်းစားလိုက် ရတယ်..ကြက်သား ၀က်သား ကြက်ဥကြော် ဟင်းချို နှင့် အအေး တခွက်ပါ...








အချို ပွဲလေး သုံးဆောင်သွားပါအုံး... 宜蘭九層炊 လို့ခေါ်ပါတယ်.. နယ်က အစားအစာ လေးပါ...














TV က ၃၆၀ လည်နေတဲ့ TV ပါ..ထမင်းစား ရင် TV ကြည့်လို့ရအောင်ပါ ..အဲဒီနေ့က ပိတ်ရက် မဟုတ်တော့ လူသိပ်မရှိပါ..

မြင်ကွင်းကျယ်သို့...