Wednesday, December 9, 2009

Wonder Girls

Wonder Girls ရဲ့ nobody သီချင်းလေးကို တင်ဆက်လိုက်ပါတယ်.....






မြင်ကွင်းကျယ်သို့...

Thursday, December 3, 2009

ဟိုရေးဒီရေး

ပို့စ်မတင်တာ တော်တော် ကြာသွားပြီ...အလုပ်ရှုပ်နေတာတော့ မဟုတ်ပါဘူး..facebook ကြောင့်လေ..ဂိမ်းဆော့ပြီးတော့ မျက်စိညောင်းတော့ အိပ်ချင်လာတယ်..အဲဒါကြောင့်..အဲဒါကြောင့်...အပင်စိုက်ရတာ...ငါးမွေးရတာ...တိရစ္ဆာန် မွေးရတာ...စားသောက်ဆိုင်ဖွင့်ရတာ နဲ့ အလုပ်ကို ရှုပ်နေတယ်..တခြားလူတွေ ဒီထက်တောင် အများကြီးဆော့တယ်..နဂို က ကဖေး နှင့် အားကစားကွင်း ဖွင့်သေးတယ်...မနိုင်တော့လို့ ပိတ်လိုက်ရတယ်..facebook ကဓါတ်ပုံတွေကိုတင်လိုက်ပါတယ်...စိတ်ဝင်စားရင် တော့ ဒီမှာ http://www.facebook.com/login.php ကစားနိုင်ပါတယ်...







အီးမေး က forward mail ကိုသဘောကျလို့ ကူးယူပြီး တင်ပြလိုက်ပါတယ်..အကြီးချဲ့ ပြီးကြည့်ပါ..လာလည်တဲ့ သူငယ်ချင်းမိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်....




ဘိုင်ဘိုင်...

မြင်ကွင်းကျယ်သို့...

Wednesday, August 26, 2009

Taipei zoo သို့အလည်တခေါက်

ပြီးခဲ့တဲ့ တနင်္ဂနွေက တိရစ္ဆာန် ဥယျာဉ် သို့အလည်တခေါက်ရှောက်ရှိခဲ့ပါတယ်..လက်မှတ်က အလကားရလို့ ... လူကြီး နှစ်ယောက် လက်မှတ် နှင့် ကလေးလက်မှတ် နှစ်စောင်ပါ.. ပြီးတော့ အထဲမှာ ၀ယ်စားဖို့ ၂၀၀ လဲပေးပါတယ်.. တခြားနှစ်ယောက်က မသွားလို့ ၀ါဝါကို ပေးလိုက်တော့ လက်မှတ်တွေက အများကြီးပဲ.. ၀ယ်စားလို့လဲ အများကြီး ရသွားတယ်လေ... ခုတောင် လက်မှတ် ကျန်သေးတယ်.. လကုန်ထိပဲသွားလို့ရပါတယ်. ..

အရင်တုန်းက သွားတုန်း ကမြေအောက်ရထား စီးသွားတယ်လေ.. စနေ နှင့် တနင်္ဂနွေ နှစ်ရက် မြေအောက်ရထား ပြင်နေလို့ ဆိုင်ကယ်နဲ့ သွားပါတယ်... ဆိုင်ကယ် နှင့် သွားတာ ပိုပြီးအဆင်ပြေပါတယ်.. အလွန်ဆုံး နာရီဝက် ဆိုရောက်ပါတယ်.. မြေအောက်ရထားဆို တနာရီကျော်လောက် ကြာပါတယ်.. နှစ်ခါလောက် ပြောင်းစီးရပါတယ်.. ဟိုရောက်တော့ ၉နာရီရှိပါပြီ.. ၉နာရီစဖွင့် တာ.. လူမရှိဘူးထင်နေတာ လူတွေအများကြီးပဲ...ကလေးတွေလဲ ကျောင်းနှစ်လပိတ်ထားတော့ ကလေးတွေလဲ အများကြီးပဲ...

ဝင်ဝင်ချင်းမှာပဲ Panda bear ကိုကြည့်ဖို့ လက်မှတ်ပေးပါတယ်.. ၉နာရီ ၄၀ မှဆိုတော့ Koala ကိုအရင် သွားကြည့် တယ်. တကောင်ပဲ တွေ့တယ်..အိပ်နေလို့ အပြင်က ပို့စတာ ကိုပဲရိုက်လာတော့တယ်... ချစ်စရာလေးနော်..



ဘယ်ဘက်ကို ဆက်လျှောက်သွားတော့ Parrot အရောင်စုံလေးတွေကို သွားကြည့်တယ်... အရောင်သုံး မျိုးတွေ့ရပါတယ်...၀ါ စိမ်း ပြာ သုံးကောင်လေ..



ဘေးနား မှာ Pony Horse လဲရှိတယ်လေ.....

အောက်ကပုံက Linnaeus's Two-toed Sloth လို့ခေါ်ပါတယ်... တရက်ကို ၁၅နာရီလောက် အိပ်ပါတယ်.. ထလာလို့ ရှိရင် လဲ လှုပ်ရှားမှု လဲနည်းတယ်လို့ ရေးထားပါတယ်.. ကြည့်ပြီးထွက်လာတော့ ၉နာရီ ခွဲသွားပါပြီ... Panda bear ကိုသွားကြည့် ဖို့အချိန်က နီးလာပြီး ဆိုတော့ တန်းမြန်မြန် သွားစီပါတယ်..



Panda bear နှစ်ကောင်ကို တရုတ်ပြည်က လက်ဆောင် ပေးထားတာလေ.. တရုတ်နှစ်သစ် ကူးခါနီး ကပေါ့ .. သွားကြည့်တဲ့ လူတွေဆိုအများကြီးပဲ.. လူဦးရေ ကလဲ ကန့်သတ်ထားတယ်လေ... အဲဒီတုန်းက ဆို လူတွေများမှများ သတင်းမှာ အမြဲ ပြတယ်....အောက်ကပုံကတော့ အ၀င်ဝမှာပါ..



ထွမ်ထွမ် ရွမ်ရွမ် လို့ခေါ်ပါတယ်.. မြန်မာလို့ အဓိပ္ပာယ် ပြန်မယ်ဆိုရင် စည်းစည်းလုံးလုံး လို့အဓိပ္ပာယ် ရပါတယ်..



လက်ဆောင်ပစ္စည်းလေးတွေပါ.. လည်ပင်မှာပတ်ထားတဲ အပြာနဲ့ အနီမှာ နာမည်လေးတွေရေးထားပါတယ်... တကောင် ကို ၄၉၉ ပါ....ကြိုက်တာလေးတွေ ယူသွားလို့ရတယ်နော်....







ကားကို ရထားပုံစံ လုပ်ထားတယ်.. ပုံစံအမျိုးမျိုးပဲ..ရထားခေါင်းကိုမရိုက်မိလို့ ထိုင်နေတဲ့နေရာကနေ ရိုက်လိုက်ရပါတယ်.....

Pigeon လေးတွေ ကိုအစာကျွှေးနေပါတယ်...အကောင်ရေတွေလဲ နည်းလာသလိုပဲ.. အရင်တုန်းက လာကြည့် တုန်းက အများကြီးပဲ.. အစာကျွှေးနေတော့ ရေထဲကို ဆင်းလဲမဆင်း ဘူး..ရေကူးနေ ရင်ကြည့်လို့ပိုကောင်းတယ်လေ...

စတိုင်ကျကျနဲ့ လမ်းလျှောက်နေတယ်..










အပြင်ပြန်ရောက်လာတော့ M (i'm lovin' it) မှာ hamburger ၀ယ်စားတယ်..လူတွေအများကြီးပဲ.. ထိုင်ဖို့ နေရာမရှိတော့ဘူး.. စင်ရှေ့ မှာခုံတွေချထားလို့ အဲဒီမှာ သွားထိုင်စား ပြီးပြန်လာကြတယ်လေ...ဘိုင်ဘိုင်....

မြင်ကွင်းကျယ်သို့...

Tuesday, August 11, 2009

LeoFoo village သို့အလည်တခေါက်

ဘလော့ဂ်မရေးတာ ကြာလှပြီ..ဟိုတနေ့က လက်မှတ် နှစ်စောင် အလကားရလို့ ရှင်းကျူ မှာရှိတဲ့ LeoFoo village ကစားကွင်း တခုသို့ အလည်တခေါက် ရှောက်ရှိ ခဲ့ပါတယ်...မုန်တိုင်း သောကြာနေ့ က၀င်ရောက် ခဲ့ပါတယ်..စနေနေ့ ကထွက်သွားပါတယ်..ဒါပေမယ့် တနင်္ဂနွေ မှာလဲ မိုးကဆက်ပြီး ရွာနေပါတယ်..ကိုယ်ကလဲ သွားကစားချင်တော့ နောက်အပတ်ထိ မစောင့်နိုင် ပဲမိုးဖွဲဖွဲ ရွာနေတဲ့ ကြားကရောက်သွားပါတယ်...ကျင်အန်း မြေအောက်ရထား ထွက်ပေါက်မှာ ကားသွားစီး ပါတယ်... တယောက်ကို ကားခ NT ၁၁၈ ပေးရပါတယ်.... ကားတနာရီ လောက်စီးရပါတယ်...
အောက်ကပုံကတော့ အ၀င်ဝမုဒ်ဦးပါ...


Screaming condor ကစားနည်းပါ..ဓာတ်ခဲ ကအားသိပ်မရှိလို့ ဗီဒီယို တောင်သိပ်မရိုက်လာဖြစ်ဘူး..ဗီဒီယို ရိုက်မယ်ဆိုရင် ကင်မရာက ပိတ်ပိတ်သွားလို့ ဓာတ်ပုံကို တောင် မီးမဖွင့်ပဲ ရိုက်လာရပါတယ်..ဒါကြောင့်မို့လို့ သူများရိုက်ထားတာကိုပဲ ကူးယူတင်ပြလိုက်ပါတယ်...




ရထားနှင့်ကားစီးပြီး လိုက်ကြည့်တုန်းက ရိုက်ထားတဲ့ပုံတွေပါ...အောက်ကပုံ ထဲမှာ တိရစ္ဆာန် အတုလဲ ပါတယ်နော်....

















ဒါကတော့ သူတို့ရဲ့ guide map စာရွက်လေးပါ..အနှစ် ၃၀ ပြည့်အထိမ်းအမှတ် အနေနှင့် ၇လပိုင်းနှင် ၈လပိုင်း နှစ်လကို အထူးလျှော့ ဈေးနှုန်းနှင့် ဈေးလျှော့နေပါတယ်...NT ၄၅၀ ပါ.. ပုံမှန် အချိန်ဆို ရင် NT ၈၉၀ ရှိပါတယ်..
သူတို့ website ကိုလဲသွားရောက်လည်ပတ်နိုင်ပါတယ်.. http://www.leofoo.com.tw/village/








အိပ်တော့မယ်..ဘိုင်ဘိုင်...

မြင်ကွင်းကျယ်သို့...

Wednesday, July 8, 2009

ခေတ္တခဏ

ဘလော့ဂ်ရေးခြင်းကို ခေတ္တခဏ ရပ်ထားပါမယ်.. လာလည်သူ ဘလော့ဂ်မိတ်ဆွေမောင်နှမများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်.. ဒါပေမယ့် ဘလော့ဂ်လည်ခြင်းကိုတော့ ရပ်လို့မရပါဘူး... အားလုံးကိုပဲ ကျေးဇူးပါပဲရှင် ...

မြင်ကွင်းကျယ်သို့...

Friday, July 3, 2009

မိတ်ဆုံစားပွဲ

ဘလော့ဂ်မရေးတာ တောင်တော်တော် ကြာသွားပြီ...သူများဘလော့ဂ်တွေတော့ သွားလည်ဖြစ်တယ်..ဒီတစ်ခါ ရေးမယ်အကြောင်း ကတော့ စားပွဲ မှာကြုံတဲ့ အကြောင်းလေး ပါ...ဘယ်သူဘယ်ဝါ ကိုမှ လှောင်ပြောင် ပြီးရေးတာ မဟုတ်ပါဘူး...ရေးမှားလို့ ရှိရင်လဲ ခွင့်လွှတ်ပါ..

ဘုံကျောင်း နာမည်တော့ မသိတော့ဘူး..ဘုံကျောင်းက တစ်နှစ်တစ်ခါ မိတ်ဆုံစားပွဲ လုပ်လေ့ရှိပါတယ်.. အဲဒီနှစ်က လုပ်တဲ့ မိတ်ဆုံစားပွဲ က western park မှာပါ..၀ါဝါတို့က သုံးယောက်လား လေးယောက်လား တော့မမှတ်မိ တော့ပါဘူး..တ၀ိုင်းကို ဆယ်ယောက် ထိုင်ရတယ်လေ...ဒါတော့ သူများ နဲ့အတူတူ ထိုင်ရတယ်လေ..ဟင်းတွေလာ ချလို့ ရှိရင် ပထမ တပွဲ နှစ်ပွဲ တောင်ဘယ်လို ပြောင်သွားလဲ မသိဘူး..အရမ်းမြန်တာပဲ..ကိုယ်လဲ မမြန်လို့ မရတော့ဘူးလေ..

ဘုံသုံးတဲ့ ဇွန်းတွေ ထားလဲ ဇွန်းကိုမသုံး ပဲနဲ့ ကိုယ့်တူ နဲ့ ပဲယူစားနေတယ်..အားနာပါးနာ လဲမရှိဘူး..ခေါက်ဆွဲကြော်လား မသိဘူး.. တယောက်က အသားကိုယူ စားပြီးကိုက်လို့ မပြတ်လို့ အဲဒီခေါက်ဆွဲ ကြော်ပန်းကန် မှာပြန်ထည့် ထားတယ်လေ..ပန်းကန်မှာ ကပြောင် သလောက်ဖြစ်နေပါပြီ..အဲဒီအချိန်မှာ သူပြန်ထားတာ ကိုမမြင်လိုက်တဲ့ အခြားတယောက် ကဒါကို ယူစားလိုက်တယ်လေ..၀ါဝါလဲ ဘယ်လိုပြော ရမလဲ မသိဘူး..ကြောင်သွားတယ်..

ဒါကြောင့် စားပွဲတွေ သွားစားလို့ ရှိရင် မျက်စိလျင်မှ ရမယ်နော်...
မိုးလဲချုပ်နေပြီ..အိပ်တော့မယ်...

မြင်ကွင်းကျယ်သို့...

Thursday, June 4, 2009

ရုပ်ရှင်

နှောင်ဂျိန်ပွဲ လေးကြည့်လိုက်ကြရအောင်...



အပိုင်း ၁


အပိုင်း ၂


အပိုင်း ၃


အပိုင်း ၎

မြင်ကွင်းကျယ်သို့...

Wednesday, June 3, 2009

သတင်း

မနေ့က သတင်းတွေ လျှောက်ဖတ်ရင်း weekly eleven မှသတင်းတပုဒ်ကိုကူးယူဖော်ပြလိုက် ပါတယ်.. အောက်မှာ ဖော်ပြထား သောသတင်းပါ..

ဒီမှာလဲ မကြာခဏ သတင်းမှာတွေ့ရပါတယ်..ကလေးရပြီး ကလေးမလိုချင်လို့ ဖျက်ချတာတို့.. ကလေးမွေးပြီး မှကလေးလေးကို တနေရာမှာ စွန့်ပစ်တာကို အရှေ့ရက်က သတင်းမှာတွေ့ လိုက်ရပါတယ်..ကလေးလေးကို အကောင်တွေ ၀ိုင်းကိုက် ထားတာ နီရဲနေတာပဲ..သုံးရက်သားကလေးလေးပဲ ရှိသေးတာ..ကံကောင်းထောက်မလို့ ပြစ်ချထား တဲ့နေရာ ကိုတခြားလူ ကတွေ့ရှိလို့..

နောက်သတင်း တခုရှိပါသေးတယ်..လင်မယား နှစ်ယောက် ရန်ဖြစ်ပြီး ကိုးလသားပဲ ရှိတဲ့ သမီးလေးကို ရေနွေးပူပူ ဆူနေတဲ့ ရေပူ ထဲသို့ ပစ်ချလိုက်တာလဲ သတင်းမှာ တွေ့ရပါတယ်..ဆေးရုံမှာ ကုသတာ မကြာပါဘူး.. ကလေးလေးလဲ အသက်ဆုံးရှုံး သွားပါတယ်..အဖေ ကိုလဲ တသက်တကျွန်း ပို့လိုက်ပါတယ်..ကြားရတဲ့ သတင်းက စိတ်မကောင်းစရာပဲ..

လူတွေလဲ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ကြ...အလုပ်ထဲမှာ pressure တွေများပြီး စိတ်တွေလဲ ပိုပြီးတိုလာ ကြတယ်..ဒီလိုမျိုး နောက်ထပ် မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်..စိတ်တွေလဲရှည်ကြပါ..အပြစ်မရှိတဲ့ ကလေးလေး တွေကို မနှိပ်စက်ကြပါစေနဲ့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ်..

မြင်ကွင်းကျယ်သို့...

Tuesday, May 19, 2009

SHIN KONG MITSUKOSHI

အရင်လက နယ်ကိုကိစ္စ ရှိလို့ ထိုင်ပေ ဘူတာကြီး သို့ရောက်ခဲ့ပါတယ်..ရထား ကိုးနာရီ အချိန်မမှီ လို့ ဆယ်နာရီ ရထား လက်မှတ်ဝယ်ပြီး ဘူတာကြီး ရဲ့အပြင်ဘက်ထွက်လာခဲ့ပါတယ်.. ဟိုကြည့် ဒီကြည့်ရင်းနဲ့ 新光三越(SHIN KONG MITSUKOSHI) ကိုတွေ့လို့ ပါလာတဲ့ ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တယ်..တခါမှ မရိုက်ဖြစ်ဘူး..ကပ်ကျော် ကုန်တိုက်ကြီးပေါ့.. နာမည် ကထူးခြား နေတယ်မဟုတ်လား..တရုတ်နဲ့ ဂျပန် နာမည်ဖြစ်နေတယ်လေ..ဘာလို့လဲဆိုတော့ တရုတ်ကုမ္ပဏီ နှင့် ဂျပန်ကုမ္ပဏီ နှစ်ခု ပေါင်းပြီး ၁၉၈၉ ခုနစ် စတင်တည်ဆောက်ကာ ၁၉၉၃ မှာဖွင့်ထားတာပါ...ဆိုင်ခွဲ တွေလဲနေရာ အနှံ့အပြား မှာရှိပါတယ်..အရင် တုန်းကတော့ အမြင့်ဆုံး တိုက်ပေါ့...၅၁ ထပ်ရှိတယ်..၁၉၉၇ မှာတော့ Kaohsiung ရဲ့ Tuntex 85 Sky Tower တိုက်ကြီး ကပေါ်လာပြီး ၂၀၀၄ မှာတော့ Taipei 101 ကအမြင့်ဆုံး ဖြစ်လာပါတယ်..SHIN KONG MITSUKOSHI ဈေးဝယ်လမ်းညွန် စာအုပ်လေးပါ..http://www.skm.com.tw/edm/str110/200905_15TRV/index.html ... ၀ီကီ မှတဆင့် ထုတ်နှုတ်ဖော်ပြထားပါတယ်..



ဘူတာရဲ့ တောင်အပေါက် နှစ်ပါ...

ရထားပေါ်မှာ ရိုက်ထားတာပါ..

ရထားမှ အပြင်သို့ ရိုက်ထားတဲ့ပုံ....

Kaohsiung ရဲ့ Tuntex 85 Sky Tower

Taipei 101

မြင်ကွင်းကျယ်သို့...