ဘူတာရဲ့ တောင်အပေါက် နှစ်ပါ...
ရထားပေါ်မှာ ရိုက်ထားတာပါ..
ရထားမှ အပြင်သို့ ရိုက်ထားတဲ့ပုံ....
Kaohsiung ရဲ့ Tuntex 85 Sky Tower
Taipei 101
Posted by မီမီဝါ at 12:31 AM 0 comments
Labels: အလည်အပတ်
Posted by မီမီဝါ at 12:28 AM 1 comments
Labels: အမှတ်တရ
ဒီနေ့ မေလရဲ့ ဒုတိယပါတ် တနင်္ဂနွေနေ့ .. ကျေးဇူးကြီးမားတဲ့ မွေးမိခင် အမေများနေ့ကျရောက်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပတဲ့ နေ့ရက်တွေ မတူညီကြပါဘူး။ ဒီအောက်ကပုံလေးကတော့ မေလရဲ့ ဒုတိယပါတ် တနင်္ဂနွေနေ့ ကို အမေများနေ့လို့ သတ်မှတ် ပြီး ကျင်းပကြတဲ့ နိုင်ငံတွေကို ဝီကီကနေ တင်ပြထားပါတယ်။ ပုံကြီးချဲ့ကြည့်မှ မြင်ရမှာနော်..
အမေများနေ့မှာ အမေများအားလုံး ပျော်ရွှင်ကြပါစေ။
ကုမ္ပဏီကနေ အမေများနေ့အထိမ်းအမှတ် လူတိုင်းကို ပေးတဲ့ ကာနေးရှင်းပန်းလေးတွေပါ... အမှတ်တရ အဖြစ်တင်ထားပါတယ်...
ကိတ်မုန့်လေးတွေ သုံးဆောင်သွားပါဦး။ ဒီနေ့ညနေက အိုက်မိုင် 愛買 supermarket ကိုရောက်လို့ ဝယ်ခဲ့တာလေးတွေပါ...
ဒီမှာတော့ ကိတ်မုန့်တွေ၊ ပန်းတွေ အမေများနေ့မှာ လက်ဆောင်ပေးတာ အရမ်း ခေတ်စားပါတယ်။
Posted by မီမီဝါ at 12:07 AM 0 comments
Labels: အမေများနေ့
ဟိုနေ့က Global Mall လေးရောက်တုန်း Daiso ဂျပန်ကုန်တိုက်ကို ရောက်ခဲ့ပြန်တယ်.. Global Mall အကြောင်းကိုတော့ ပို့စ်လေးရေးခဲ့ဖူးပါတယ်... Daiso ဆိုတာ ဂျပန်မှာ ၁၉၇၂ တုန်းက စဖွင့်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၂၅၀၀ ရှိပါတယ်.. အခြား နိုင်ငံ မှာတော့ ၄၇၀ ရှိပြီး ထိုင်ဝမ်း ဆိုင်ခွဲ ၁၂ ဆိုင်ပါ အပါအ၀င်ပါ....သူတို့ရဲ့ website လေးက ဒီမှာပါ... ပစ္စည်းအမျိုးအစုံ ရောင်းပါတယ်.. အစားအသောက်၊ အလှကုန်ပစ္စည်း၊ မီးဖိုချောင်သုံး ပစ္စည်းအမျိုးမျိုး နှင့် အိမ်အသုံးအဆောင် ပစ္စည်း စုံလိုပါပဲ...ဒီနိုင်ငံမှာတော့ ဆိုင်ထဲက ဘာပစ္စည်း ဝယ်ဝယ် NT $ 39 ကျသင့် ပါတယ်။ အဲဒီနေ့က ပစ္စည်း ရှစ်မျိုးဝယ်လိုက်တာ NT $ 312 ကျသင့်သွားပါတယ်။ မုန့်လဲ ဝယ်ဖြစ်လို့ ပို့စ်တင်လိုက်ပါတယ်။ သုံးဆောင်ကြပါဦး....
Posted by မီမီဝါ at 12:38 AM 2 comments
Labels: အစားအစာ
မင်္ဂလာပါ.. ထိုင်ပေမြို့နယ်၊ စန်းကျေး ဆိုတဲ့ နေရာလေးမှာ တည်ရှိတဲ့ ပေ့ခယ်မြောက် (貝殼廟)ဘုရားကျောင်း ဖြစ်ပါတယ်... ထူးဆန်းအံ့သြဖွယ် အရမ်းကောင်းပါတယ်.. ဘုရားကျောင်းတစ်ခုလုံး ပင်လယ်ထဲက ခရု၊ သန္တာကျောက် စတာတွေနဲ့ တည်ဆောက်ထားတာပါ.. နိုင်ငံခြားသား ဧည့်သည်တွေရော ပြည်တွင်းခရီးသွားတွေနဲ့ပါ အမြဲမပြတ် စည်ကားနေတာပေါ့... သန္တာကျောက် အမျိုးအစား ၁၀၀ ကျော်နဲ့ ခရုမျိုး ၆၀၀၀၀ ကျော်တို့ ပါဝင်တန်ဆာဆင်ထားပြီး ၂ နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်...
အောက်ကပုံလေးကတော့ အမွှေးတိုင်ထွန်းညှိပူဇော်ဖို့ အမွှေးတိုင်အိုးပါ...
Posted by မီမီဝါ at 6:01 PM 1 comments
Labels: အလည်အပတ်