Monday, February 16, 2009

Janfusun fancyworld သို့အလည်တခေါက်

မနေ့က Janfusun သို့အလည်တခေါက်ရှောက်ရှိခဲ့ပါတယ်.. သွားချင်နေတာတော့ကြာခဲ့ပါပြီ.. ဘယ်လို သွားရမှန်းမသိလို့.. ကိုယ်ဟာကိုယ်သွားမယ်ဆိုရင် အဆင့်ဆင့်စီးသွားရပါမယ်.. ထိုင်ဝမ်ရဲ့ အလယ်ပိုင်းမှာ ပါ.. ခရီးသွားကုမ္ပဏီ ရဲ့ကြေငြာ တစ်ခုတွေ့လို့ ..ဈေးလဲပေါ.. တစ်ခါတည်းတန်းရောက်လို့.. NT ၅၉၉ ပါ.. အမှန်တကယ်က ၀င်ကြေးပဲ ၆၉၉ ရှိလို့ပါ.. အောက်ကပုံကတော့ သွားတဲ့ နေ့က စီးသွားတဲ့ ကားပါ... ၄နာရီလောက် စီးရပါတယ်..


ဒီနွားကတော့ အ၀င်ဝမှာ ရှိပါတယ်... ဒီနှစ်က နွားနှစ်ဆိုတော့


ဒီကစားနည်းကို space shoot လို့ခေါ်ပါတယ်.. အောက်ကနေ အထပ်နှစ်ဆယ်လောက်မြင့်တဲ့ အပေါ်သို့ရောက်သွားပါတယ်.. ချက်ချင်းပဲ အောက်ကိုပြန်ရောက်လာပါတယ်.. အပေါ်တက်အောက်ဆင်း နှစ်ခါလောက်ဆို ပြီးသွားပါပြီ.. လူလဲ မျော့မျော့ ပဲကျန်ပါတော့တယ်...





ဒီကစားနည်းကတော့ ဆန်ကောထဲမှာ လူတွေထိုင်နေကြပါတယ်.. ပင်လယ်ဓားမြ လိုပါပဲ.. ဟိုဘက်ယိမ်း ဒီဘက်ယိမ်း ယိမ်းရုံမကဘူး... ဆန်ကောကလဲ လည်နေသေးတယ်.. တော်တော်ဆိုးတာ.. စီးလဲပြီးရော စားထားသမျှ အားလုံး ပြန်အန်ထွက်တော့မယ်.. တော်တော်ကြာလို့.. နောက်တခါဆို လုံးဝမစီး ရဲတော့ပါ...


ဒီပုံ ကတော့ roller coaster ပါ.. သိပ်တော့ကြောက်စရာမကောင်းပါဘူး.. ဒါပေမယ့်စီးနေတဲ့ အချိန်မှာ တော့ မျက်စိဖွင့်လိုက်.. ပိတ်လိုက်ပါပဲ.. ကြောက်လဲကြောက် ..စီးလဲစီးချင်..ခွီးခွီး...


ဒီကစားနည်းကိုတော့ ဒီကစားကွင်း မှာတွေ့ဖူးတာပါ.. ဒါပေမယ့် မစီးဖြစ်ပါဘူး.. လူတွေကို မှောက်လျက် နေခိုင်းပြီး.. လည်တော့တာပဲ.. ကြည့်ရင်းနဲ့ မူးမှာပဲဆိုပြီး မစီးရဲတော့ပါ..


ဒီကစားနည်းကိုတော့ G5 လို့ခေါ်ပါတယ်.. အောက်က၀ိုင်းထားတဲ့ နေရာထိပ်ဆုံးမှာ ခဏရပ်နေပြီး ၉၀ ဒီဂရီ အောက်သို့ဆင်းသွား ပြီး အပေါ်သို့ ပြန်တက်လာတဲ့ ကစားနည်းပါ.. ဆင်းတဲ့အချိန်က အကြောက်ဆုံး အချိန်ပါ.. လူတကိုယ်လုံး လေထဲမှာ လွင့်ပြီး ကျန်နေရစ်ခဲ့ သလိုပါပဲ...






ရေလှိုင်းအတုလုပ်ထားတာပါ.. ပင်လယ်ကမ်းစပ်သို့ ရောက်နေသလိုပါပဲ.. ဒီနေရာကို အကြိုက်ဆုံးပါပဲ.. ရေထဲကို ဆင်းချင်လိုက်တာ .. ဒါပေမယ့် မဖွင့်ပါဘူး...


ပြန်တက်လာတုန်းက ရိုက်ထားတာပါ.. ညနေ ၃ နာရီလောက်ရှိပါပြီ.. လာနေကြတုန်းပဲ..


အားလုံး ဘိုင့်ဘိုင်..

1 comment:

Welcome said...

ပျော်စရာ အားလပ်ရက်လေး ဖြစ်ပါစေ
အပျော်တွေ မျှယူသွားပါတယ်။