အခုတလော အလုပ်ပိတ်ရက်တအားများလို့ wulai သို့အလည်တခေါက်ရှောက်ရှိလာပါတယ်.. မြေအောက်ရထားကို ဂိတ်ဆုံးသို့ စီးပြီး ကားပြန်ပြောင်းစီးရပါတယ် ကားစီးတာ တနာရီလောက် ကြာပါတယ် .. ကျွန်မ တို့က ဆိုင်ကယ်စီးသွားပါတယ်.. ဖင်တညောင်းပါပဲ... သွားတဲ့ ရက်က တနင်္ဂနွေဖြစ်လို့ လူတအားများပါတယ် .. အ၀င်လမ်းမှာပဲ လူတွေစည်ကားနေပါတယ်.. အ၀င်လမ်းမှာ စားသောက်ဆိုင်တွေ ဒေသထွက်ပစ္စည်းတွေ မုန့်ဆိုင်တွေ အများကြီးရှိပါတယ်...
ဝက်အူချောင်း ကင်ဆိုင် ဒီဆိုင်က ဈေးနည်းနည်းပေါလို့ လူတွေတန်းစီတာ အရမ်းများပါတယ်.. ကင်တဲ့ လူနှစ်ယောက်ကလဲ တယောက်ကို ၀က်အူချောင်း ၃၀ချောင်း ကိုတာဝန်ယူကင်နေရပါတယ်.. တယောက် ထဲ ပျာယာခတ်နေတာပဲ..
တောင်ပေါ်သို့ တက်လာရင် ရေတံခွန်ဆီသို့ ရောက်လာပါတယ်.. တောင်ပေါ်ကို ရထားစီး (သို့) ကား(တက်ဂ်စီ) စီးပြီး တက်လို့ရပါတယ် .. တယောက်ကို NT ၅၀ ပေးရပါတယ်..
တောင်အောက်မှာ ရေပူစမ်း သွားစိမ်လို့ ရပါတယ်.. free ပေါ့နော် .. အကယ်၍ဆိုင်မှာ ပိုက်ဆံပေးပြီး သွားစိမ်လဲ ရပါတယ်..
်
ဟိုဘက်ကမ်းမှာ ပန်းခြံ ရှိပါတယ်.. ဟိုဘက်ကမ်းကို သွားမယ်ဆိုရင် cable car ကိုစီးသွားရပါတယ်..
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..........

Tuesday, February 10, 2009
Wulai သို့အလည်တခေါက်
Subscribe to:
Post Comments (Atom)
1 comment:
ခရီးသွားပို့စ်လေး ဖတ်သွားပါတယ်။
ပျော်စရာလေးတွေ မျှသွားပါတယ်။
Post a Comment