Wednesday, February 11, 2009

Bitan သို့အလည်တခေါက်

wulai အပြန်မှာတော့ ရထားဂိတ်ဆုံးမှာ ရှိတဲ့Bitan သို့ဝင်ခဲ့ပါတယ်.. အရင်တုန်းက အဟောင်းပါ.. အခုဟာက အသစ်ပြန်လည် ပြုပြင်ထားတာ.. အရမ်းကောင်းသွားပါတယ်.. ဒါပေမယ့် နေရာကနည်းနည်း ကျဉ်းသွားပါတယ်.. ပန်းခင်းလေးတွေ များသွားတော့ နေရာသိပ်မရှိ တော့ပါ.. လှေစီး ချင်လို့လဲ ရပါတယ်.. NT 300 ပါ.. လမ်းလျှောက်တဲ့ လူတွေက လမ်းလျှောက်.. အာလူးပေးတဲ့လူ တွေကလဲ အာလူးပေး .. စက်ဘီးစီးတဲ့ လူတွေက စက်ဘီးစီး.. စုံတွဲတွေလဲ အများကြီးပါ.. မုန့်ဈေးတန်း လဲရှိပါတယ်.. အရောင်းဆိုင် သမားတွေအားလုံး အင်္ကျီဆင်တူ ၀တ်ထားကြ ပါတယ်..တနေ့တာ ပင်ပန်းနေသမျှ ဒီမှာ လာပြီး လေကောင်းလေသန့် ရှုပြီး အမောပြေ အပန်းဖြေနိုင် ကြပါတယ်..


ဒီတံတားကနေ ဟိုဘက်ကမ်းကို ကူးလို့ရပါတယ်.. ဟိုဘက်ကမ်းမှ ဒီဘက်ကမ်းကို ပြန်ပြီးရှု့ စားလို့ရပါတယ်.. မုန့်ဈေးတန်း လဲရှိပါတယ်...





ဒီနှစ်ပုံ ကတော့ ညအချိန်ရိုက်ထားတာပါ.. တံတားတွေ မီးထွန်းထားပါတယ်.. အရမ်းလှပါတယ်.. လှေတွေ လဲသိမ်းကုန်ပြီ...




နောက်မှပြန်လည်ဆုံ တွေ့ကြပါစို့......

No comments: