Monday, December 29, 2008

စိတ်ကူးယဉ်တယ်...

Today is off. Off ဆိုတော့ စိတ်လက် ပေါ့ပါး ပြီးတော့ အိပ်ရာအစောကြီး နိုးနေတယ် အပြင်သွားရင် ကောင်း မလားလို့..မိုးကလဲ တဖွဲဖွဲရွာနေတယ်..ပြီးခဲ့တဲ့အပတ်နားရက်ကလဲ မိုးတနေကုန် ရွာနေတယ်.. မိုးရွာရင် အပြင် မသွားချင် တော့ဘူး... အခုလဲ မိုးရွာနေတယ်.. အေးကလဲ အေး...အပူချိန်ကလဲ ၁၇ဒီကရီ စင်တီ ပဲရှိတယ်..မိုး ရွာရင် ပိုပြီးတောင် အေးတယ်.. အဲဒါနဲ့ပဲ ဘလော့ဂ်တွေ လျှောက်ဖတ်နေတယ်.. အလည် သွားပြီး ကိုယ့်ဘလောဂ် ပြန်ရောက်တော့ ကိုဝင်းဇော် ကလာtag ထားတယ်.." စိတ်ကူးယဉ်တယ် " သူက ပထမဦးဆုံးပဲ.. လာတက်ဂ်တာပါ.. ၀ါဝါက စာအရေး အသားမကောင်းဘူး.. အဲဒါကြောင့် ပုံထည့်ထား တာ ပိုများတယ်.. ဟီးဟီး..ငယ်ငယ်တုန်းက စာစီစာကုံး ကိုဘယ်လိုရွှီးလာမှန်းတောင် မသိတော့ဘူး.. ကိုယ်ကစာမျက်နှာ --ဒီလောက်ရေးတယ် ဆိုရင် သူငယ်ချင်း ကိုမေးကြည့်လိုက်ရင် ကိုယ်ထက် အများကြီး ပိုတယ်.. အဲဒါကြောင့် ကိုယ့်ကိုကိုယ် အခြေအနေသိတယ်.. :D နိဒါန်းပျိုးတာ ပြီးသွားပြီ.. စာကိုယ်လာမယ်..

စိတ်ကူးယဉ်တယ်ဆို တာပိုက်ဆံ ပေးဖို့မှမလိုတာ..ကိုယ်ဖြစ်ချင်တာကို စိတ်ကူး ယဉ်လိုက်တာပဲ.. ကိုယ့်ကို ကိုယ် စဉ်းစားကြည့်တယ်..ငယ်ငယ်တုန်းက ပိုပြီး စိတ်ကူးယဉ်သလိုပဲ.. အခုတော့ သိပ်မရှိတော့ဘူး .. စိတ်ကူးယဉ်ရတာ ပျော်စရာ ကောင်းပါတယ်.. ငယ်ငယ်တုန်းက ဆိုရင် ဓာတ်ပုံဆရာ နှင့် မင်းသမီး သိပ်ဖြစ်ချင်တာ.. ဇာတ်ကားတစ်ကား ကို ကြည့်ပြီဆိုရင် မင်းသမီး က ဘာဝတ်တာ..ဘယ်လို အလှပြင်ထားတာ..နားကပ်က ဘာနားကပ်လဲ..အိုက်တင်ကဘယ်လို လဲ..ဘယ်မြို့မှာ သွား ရိုက်ထားတာလဲ.. အဲဒါက အဓိကပဲလေ ဘာလို့လဲ ဆိုတော့ ၀ါဝါက ခရီးထွက်တာ အရမ်းဝါသနာ ပါတယ်.. နိုင်ငံတိုင်းလိုလို ကိုရောက်ဖူးချင်တာ.. ကိုယ်သာ သရုပ်ဆောင်ဖြစ်ခဲ့ရင် ဒီနိုင်ငံ ကိုရောက်မှာပဲ ဆိုပြီး.. :P အတုယူ အတတ်သင် ငယ်သေးတော့ ဟိုဟာလေးလဲ လုပ်ချင် ဒီဟာလေး လဲ လုပ်ချင် စုံနေတာပဲ.. အရွယ်ရောက်လာရင် ဘာဖြစ်ချင်သလဲပေါ့ .. ဘာလိုင်းဖတ်ချင်သလဲ စသဖြင့် ပေါ့ စိတ်ကူးယဉ် ခဲ့တာပဲ.. အခုတော့ ထီပေါက်ချင်တယ်.. ထီပေါက်ရင် ဘာဝယ်မယ်..ဘယ်သွားမယ်.. ဘာစားမယ်.. အလှူအတန်းလေးလဲ လုပ်ချင်တယ်.. ထီကဒီမှာ အမျိုးမျိုးရှိတယ်..၅မိနစ်ထွက်တဲ့ထီလဲ ရှိတယ် တပတ်မှာ ၂ရက်ထွက်တဲ့ထီလဲ ရှိတယ်.. အမျိုးမျိုးအစုံစုံပဲ.. ၅မိနစ်ထွက်တဲ့ထီဆိုရင် ဆိုင်ရှေ့မှာပဲ နံပါတ်ရွေး သွားထိုးပြီးတာနဲ့ ထီက ထွက်နေပြီ..တိုက်လိုက်ရုံပဲ.. NT$ 50 ၀ယ်ရတဲ့ နောက်တမျိုးက တလွတ်ထို့ လို့ခေါ်တယ်... ပေါက်ရင် NT$ ၁၀ ကုဋေ တောင်မှ..ပေါက်ရင်တော့ပွပြီပဲ..အကယ်၍ပေါက်တဲ့ လူမရှိရင် ပေါင်းပေါင်းသွားတယ်..ပြီးခဲ့တဲ့အပတ်က ဆိုရင် ၉၀ ကုဋေ တောင်ဖြစ်သွားတယ် သုံးယောက် ပေါက် သွားတယ်.. သုံးယောက်ပေါက်ရင် ခွဲယူရတယ်.. ပွလိုက်တဲ့ ဖြစ်ချင်း...နေ့ချင်းညချင်း သူဋ္ဌေးဖြစ်တယ် ဆိုတာဒါမျိုးပဲ နေမှာ.. ကိုယ်လဲဒီအချိန် ဘယ်တော့ရောက်လာမလဲ လို့ စိတ်ကူးရင်း.. စိတ်ကူးရင်း...

1 comment:

Welcome said...

ကျေးဇူး၊ စိတ်ကူးယဉ်တာလေး လာဖတ်တယ်။ ကိုယ်ဖြစ်ချင်တာကို လွတ်လွတ်လပ်လပ် တွေးတောရတာ တဒင်္ဂပျော်စရာပါ။ ဒါကလည်း ကိုယ့်ရဲ့ အနာဂတ်လမ်းစလို့လည်း ပြောနိုင် ပါတယ်။ စိတ်ကူး စိတ်သန်းတွေ ထဲက တစ်ခုခုတော့ ကိုယ့်ရည်မှန်း ချက်ဖြစ်လာမှာပါ။ ဆုတောင်းပေးလိုက်ပါတယ်။ ထီဆုကြီးကြီး ကံတိုးလို့ ကုဋေကြွယ်တဲ့ သူဋ္ဌေးမလေး ဖြစ်ပါစေလို့ .. ..
ခင်မင်လျက်
http://winzaw-mdy.blogspot.com