Thursday, December 11, 2008

ရင်တထိတ်ထိတ်

အခုနိုင်ငံတိုင်းလိုလိုမှာ စီးပွားရေးမကောင်းကြဘူး .. စတော့ရှယ်ယာတွေလဲဈေးကျ .. အလုပ်လက်မဲ့ တွေကလဲအများကြီး .. စီးပွားရေး သမားတွေကလဲ အလုပ်မကောင်းလို့ အလုပ်ဖြုတ်နေကြတယ် .. အလုပ်မရှိတော့ ခိုးမှု ယက်မှု တွေ ပိုများလာမှာလဲ စိုးရိမ်ရတယ် .. ကိုယ်လဲဘယ်တော့ ဖြုတ်ခံရမှာလဲ ဆိုပြီးတထိတ်ထိတ်ပဲ .. အလုပ်ခေါ်တဲ့ နေရာတွေမှာလဲ လိုချင်တဲ့ ဦးရေထက် လာလျှောက်နေကြတာ တပုံကြီးပဲ .. ကိုယ့်ပိတ်ရက် ရှိရင်လဲ ပိတ်ရက်ကို ကုန်အောင် နားခိုင်းနေကြတယ် .. တချို့လူတွေဆို ပိတ်ရက်တွေများလို့ တစ်ရက်တက် တစ်ရက်ပိတ် နဲ့ အလုပ်တက်နေကြရတယ် .. အလုပ်ပိတ်တော့ ကောင်းတော့ကောင်းပါတယ် .. ဒါပေမယ့်လဲ စိတ်ပူစရာလဲ ဖြစ်တာပေါ့နော် .. တစ်နှစ်တစ်ခါ လခတိုး ပေးတာလဲ ဒီနှစ်မှာတော့ ဘဲဥကိုက်ပါတော့တယ် .. လုပ်ဖော်ကိုင်ဖက် တယောက်ဆိုရင် သူအလုပ်ပြုတ် ရင်ဘယ်လိုလုပ်မလဲတဲ့ .. အလုပ်ပြုတ်ရင် တခြားအလုပ်ရှာပေါ့ .. ဒါပေမယ့် ဒီလိုအချိန်မျိုးမှာ ဆိုမလွယ်ပါဘူး .. ကိုယ်လဲ စစချင်းတော့ ဒီလောက်မကြောက်ပါဘူး .. တဖြည်းဖြည်း ဖြုတ်တာများ လာတော့ နည်းနည်းစိတ်ပူလာတယ် .. ဒါပေမယ့် မတတ်နိုင်ဘူး .. လူတိုင်းဒီလို ဖြစ်နေတာပဲ .. ဒီလို.. ဒီလို.......


No comments: