Sunday, April 12, 2009

ကျုံးဟော် သင်္ကြန် ပွဲတော်

နှစ်သစ်မှာ အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ကြပါစေ..လိုအင်ဆန္ဒ လဲပြည့်ဝ ကြပါစေ...ဒီနေ့ မြေအောက်ရထားဘူတာ ဘေးနားမှာ သင်္ကြန် ထပ်လုပ်ပါတယ်.. မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိပါ..အစီအစဉ် တွေက အများကြီးပါပဲ.. ဆိုကြမယ်.. ကကြမယ်..အမေးအဖြေ လုပ်တယ်..ဖက်ရှင်ပွဲ..ဒေါင်းအက.. ထီးအလှက.. ပြီးတော့ မြန်မာ အသွားအပြန် ယိုးဒယား အသွားအပြန် လေယာဉ်လက်မှတ် တစ်စောင်စီ မဲဖောက်ပေးအုံးမှာ...
ဒီပုံကတော့ အ၀င်ဝ မုခ်ဦးမှာ အမှတ်တရ ရိုက်ထားတာပါ..


စင်ပေါ်မှာ အမြောက်တွေနဲ့ ဘာလုပ်တာလဲ မသိဘူး..ဟီးဟီး..


ဒီပုံကတော့ လူကြီးအလာကို ဆီးကြိုနေတာပါ..တိုင်းရင်းသားဝတ်စုံတွေနဲ့...



မီးသတ်ကား တစ်စီး နဲ့ ကလေးတွေ စည်ကားနေတာပဲ...




ရေပြွတ်နဲ့ ရေပုံးလဲဖို့ တန်းစီနေကြတာပါ.. ၀ါဝါ တို့လဲ အပါအ၀င်ပဲလေ..


ဒီရေပြွတ် ကြီးတော့ မဟုတ်ဘူးနော်.. တပုံကျော် က သေးသေးလေးတွေနော်...





အားလုံး နောင်နှစ်မှာ ပြန်လည်ဆုံတွေ့ကြပါစို့...

1 comment:

Anonymous said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေခင်ဗျာ ... ပုံထဲကလူ တော်တော်များများက မြန်မာတွေလိုပဲနော် ... တကယ် မြန်မာတွေဆိုရင်တော့ အဲ့မှာလည်း မြန်မာ တော်တော်များတာပဲ နော် အစ်မ .. ပျော်စရာကြီး :D