ဒီနေ့ သင်္ကြန် အကြိုစတိတ်ရှိုးပွဲ လေးလုပ်ပါတယ်.. ခုပဲ ပြန်လာတာပါ.. ပထဦးဆုံး 臺北縣長 周錫瑋 ကဖွင့်လှစ်ပေးပါတယ်.. မြန်မာတန်း ကိုလမ်းပိတ်ပြီး လုပ်ပါတယ်.. မီးသတ်ကား နှစ်ကားလဲ ရှိပါတယ်.. ကလေးတွေနဲ့ အရမ်းစည်ကား နေပါတယ်... မနေ့ည က စတိတ်ရှိုးပွဲ လဲရှိပါတယ်.. သွားမကြည့် ဖြစ်ပါ.. NT 500 ပေးရပါတယ်.. နီးလာတော့ နှစ်ရာ ပဲရှိတော့လို ပြောပါတယ်.. ဒီနေ့ တော့ free ပေါ့နော်.. အခုလာမယ့် အပတ် စနေ မှာလဲ ထပ်လုပ် အုံးမယ်... လာမယ်.. မျှော်.. အောက်ကပုံ ကတော့ သတင်းစာမှာ ပါမယ့် ပုံဖြစ်ပါတယ်..
မီးမီး အကြိုက် ကိုရန်အောင်ပေါ့ .. ဟီးဟီး ... မအိုဘူးနော်.. ဘယ်အချိန် ကြည့်ကြည့် နုပျို နေတယ်ပဲ.. ဟဲဟဲ...
ကိုညီသစ်ထူးပါ..
1 comment:
ထိုင်ဝမ်သင်္ကြန်တောင် စပြီပဲ။ ရွာမှာဆို မြန်မာလ တန်ခူးဆိုတာနဲ့ ဘာမှ ပြောမနေတော့ဘူး ရေလောင်းတော့တာပဲ။ မ၀ါ က ကပ်စေးနဲ ပုံရတယ် (အဟိ) NT ၅၀၀ နမြောနေတယ်။ ကဲပါ ဖရီးရတဲ့ရက်မှ ကြည့်တာပေါ့ ...
နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ..
Post a Comment