ဒီတစ်ခါတော့ ဟာသလေးကိုတင်ဆက်သွားပါမယ်..
ဇာတ်လမ်းကတော့
အင်မတန် ချောမောလှပတဲ့ မင်းသမီးနှင့် အရမ်းအရမ်း အမြောက်ကြိုက်တဲ့ မင်းသား စုံတွဲတစ်တွဲ ရှိတယ် .. တစ်ရက်မှာ သူတို့နှစ်ယောက် ဟာ အပျင်းပြေလေး ဈေးဝယ်ထွက် ကြပါတယ် .. ဘာလေးညာလေး ၀ယ်ဖို့ပေါ့နော် .. ဈေးဝယ်ထွက်တယ် ဆိုတာ တကယ်ဈေးကို သွားတာမဟုတ်ဘူးနော် .. စူပါမတ်ကတ် ကိုပြောတာနော် .. စူပါမတ်ကတ် မှာဆို အစုံရောင်းတာပေါ့ နော်.. ဒါပေမယ့် တချို့ လူတွေက ပြော တယ် .. အသားဝယ်မယ် ဆိုရင် စူပါမတ်ကတ်မှာ ဆိုမလတ်ဆတ် ဘူးပေါ့နော် .. နှစ်ယောက်သား အသားတန်း ရောက်တော့ အသားဝယ်မလို့ ပေါ့နော် .. မင်းသားက အသားကိုယူပြီး နမ်းကြည့်တာပေါ့ .. ပြီးတော့ သူ့မိန်းမ ကိုနမ်းခိုင်းတာ ပေါ့နော် .. မင်းသမီး နမ်းတဲ့အချိန်မှာ မင်းသမီးက ပြောတယ် နံ့တယ်တဲ့ မ၀ယ်နဲ့တဲ့ .. အဲဒီ အချိန်မှာ မင်းသားက ထရယ်ပါလေရော် ... ဘာကြောင့်လဲ ဆိုတာ သိကြရဲ့လား ???
အဘယ်ကြောင့်လဲဆိုတော့
မင်းသားက လေလယ်သွားလို့လေ...

Saturday, October 25, 2008
ရယ်စရာဟာသလေးပါ...
Subscribe to:
Post Comments (Atom)
1 comment:
မ၀ါဝါရေ ဖတ်လို့ကောင်းတယ်ဗျို့
Post a Comment