Friday, October 24, 2008

ရုပ်ရှင် ဝှက်တမ်း

ကျွန်မ တစ်နေ့က ကိုးရီးယားဇာတ်လမ်းတွဲကြည့်ရင် အစီအစဉ်ကြေငြာဝင်လာပါတယ်..ရယ်စရာကောင်းတဲ့
အစီအစဉ်ကြေငြာပါ..အကြောင်းအရာကတော့

ကျွန်မတို့ ငယ်ငယ်တုန်းက ခေတ်စားတဲ့ ကစားနည်း တစ်ခုရှိပါတယ်..ကျောင်းအတန်းထဲမှာ အားလပ်ချိန်တို့ ဆရာမမလာတဲ့ အချိန်တို့ မုန်းစားဆင်းချိန်တို့ ကစားပါတယ် ..အဲဒါကတော့ ရုပ်ရှင်ဝှက် တမ်းပါ .. အဖွဲ့ နှစ်ဖွဲ့လုပ်ပြီး အဖွဲ့တစ်ဖွဲ့က မေးခွန်း(ဥမမာ:ရုပ်ရှင်ဇာတ်လမ်းနာမည်)ထုတ်ပြီး တခြားတစ်ဖွဲ့က ကိုယ်ဟန် လက်ဟန်လုပ်ပြီး အဖွဲ့သား အချင်းချင်း ပြန်ဖြေရပါတယ်..အကယ်၍ဖြေနိုင်ရင် ဖြေနိုင်တဲ့  အသင်း ကအမှတ်ရရှိပါတယ် .. မဖြေနိုင်ရင် မေးခွန်းထုတ်တဲ့ အသင်းက အနိုင်ရရှိပါတယ် .. တော်တော် ပျော်စရာ ကောင်းတဲ့ ကစားနည်း လေးပါ ..နိဒါန်း ပျိုးတာ နည်းနည်းရှည်သွားတယ်.. လိုရင်း မရောက်ပဲဖြစ်နေတယ်..

တီဗွီကြေငြာ လေးက အင်္ဂလိပ်စာရုပ်ရှင်ဝှက် တမ်းလေးပါ ..သူမေးတဲ့မေးခွန်း လေးက ဂျပန်ရဲ့ နာမည်ကြီး ဖူဂျီစံ (富士山)မြန်မာအသံထွက်ကတော့ (ဖူ့ဆက်စန်း)(Mount Fuji)ပါ.. သရုပ်ပြတဲ့ မင်းသမီးက အသက်ကြီး တဲ့လူပါ..ဒါပေမယ့် အဲဒီမင်းသမီး ကအရမ်းပျော်တတ်ပါတယ်.. လူငယ်တွေကြားမှာ အမြဲတမ်းပါတယ်.. ရုပ်ကလဲ ချောတယ်နော်.. အသက်ကြီးပေမယ့် တော်တော်လေးကို ပျော်တတ်တဲ့ လူပါ.. ကဲဘလော့ဂါ မိတ်ဆွေတို့ သင်တို့ဆိုရင် ဘယ်လိုသရုပ်ပြမလဲ??


Answer : မင်းသမီး သရုပ်ပြတာကတော့ လွယ်လွယ်လေးပါ.. ဂဏန်း နှစ်ထဲက လေးဆယ့်ငါးနုတ်ရင် အဖြေက ဖူ့လေးဆယ်သုံး.. (၂-၄၅= -၄၃) ဖူ့က(minus) ပါ.. ဆက်စန်း က (၄၃)..အဲဒါကြောင့် ဖူ့ဆက်စန်း ပါ..

No comments: