ဒီတခါတော့ ဓာတ်ပုံတွေကို ပြင်ရအောင်..ဓာတ်ပုံထဲသို့ ဓာတ်ပုံထပ်ထည့်ခြင်းပါ.. ဘယ်လိုလုပ်ရ မလဲဆိုတော့ ကိုယ်ဖန်တီးချင်တဲ့ ဓာတ်ပုံတပုံ ကိုအရင်ရွေးပါ..ပြီးတော့ အဲဒီဓာတ်ပုံ ပြုလုပ်ဖို့ လိုအပ်တော့ နောက်ခံ ကုန်ကြမ်း ဓာတ်ပုံ လေးတွေကို မိမိစက်ထဲက ဘယ်ဓာတ်ပုံ ဖိုဒါ ကိုမဆို အသုံးပြုနိုင်ပါတယ်.. အောက်ကပုံကတော့ မူရင်းပုံပါ..
ဒီပုံကတော့ ဆော့ဝဲ ကိုအသုံးပြုပြီး ဖန်တီးထားတာပါ.. ပုံပေါ်သို့ ကလစ်နှိပ်ပြီး ချဲ့ကြည့်ပါက ဓာတ်ပုံသေးသေးလေး တွေနဲ့ စုပေါင်းပြီး ပုံကြီးဖန်တီးထားတာ တွေ့ရမှာဖြစ်ပါတယ်...
Software download လုပ်ရန် ဒီနေရာကို နှိပ်ပါ။
Wednesday, April 29, 2009
Create Photo by Photos
Posted by
မီမီဝါ
at
12:18 PM
0
comments
Labels: ဓာတ်ပုံများ
Friday, April 24, 2009
ရဲ့လျို Yehliu (野柳) သို့အလည်တခေါက်
ကိုနေလင်းကပို့စ်လေးတင်ပါအုံး ဆိုလို့ ဘာတင်ရမှန်း မသိလို့ ၀ါဝါ ရောက်ဖူးတဲ့ ရဲ့လျို အကြောင်းလေးကို ရေးသားလိုက်ပါတယ်..၀ီကီ မှသင့်တော် သလိုဘာသာ ပြန်ပေးထားပါတယ်..၀ါဝါ ရောက်တုန်းက ဓါတ်ပုံ ရိုက်ခဲ့တယ်.. ဒါပေမယ့် မသိမ်းထားလို့ ကိုယ်တိုင်ရိုက်ထား တဲ့ပုံလေးတွေကို မတင်ဖြစ်ပါ..၀ီကီ နှင့် google မှပုံတွေကို ကူးယူဖော်ပြထားပါတယ်..
နာမည်ကျော် ရဲ့လျို Yehliu (野柳)အငူလေးဟာ ထိုင်ဝမ်းကျွန်းရဲ့ မြောက်ဘက် ကမ်းရိုးတန်း၊ ထိုင်ပေ နဲ့ ကျီးလုန် မြို့နယ် နှစ်ခုကြား မှာ တည်ရှိပါတယ်.. အငူလေးဟာ မီတာ ၁၇၀၀ ရှည်လျားပြီး သထွင်တောင်မှ ပင်လယ်ပြင်အထိ ဖြန့်ကျက်တည်ရှိနေပါတယ်.. အတိအကျပြောရရင်တော့ ဝမ့်လီ မြို့နယ်၊ ထိုင်ပေ မှာတည်ရှိတာပါ.. ပင်လယ်ရေ ၊ လေ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ထူးထွေဆန်းပြားတဲ့ ကျောက်တုံးပုံစံတွေဟာ အဲဒီဒေသကို နာမည်ကျော်ကြားစေပါတယ်.. ရဲ့လျို သဘာဝဥယျာဉ် နဲ့ မြောက်ဘက်ကမ်းရိုးတန်း ကွမ်းရင်စန်း နိုင်ငံတော် ရှုခင်းကြည့် နေရာမှာ သွားရောက် ရှုစားနိုင် ပါတယ်.. ကျောက်တုံးတွေရဲ့ ပုံစံလေးတွေကို လိုက်ပြီး အမည်သညာ အမျိုးမျိုးပေးထားပါသေးတယ်.. နာမည် အကျော်ကြား ဆုံးကတော့ ဘုရင်မဦးခေါင်းလို့ အမည်ရတဲ့ ကျောက်တုံးကြီးပေါ့.. ဘုရင်မဦးခေါင်း ဟာနှစ်ပေါင်း ၄၀၀၀သက်တမ်း ရှိပြီး..ဘုရင်မ လည်ပင်း ဟာရေတိုက်စားမှုကြောင့် တနှစ်ထက်တနှစ် ပိုပိုပြီး သေးလာပါတယ်လို့ သိရှိရပါတယ် ..တခြား နတ်သမီး စီးတော်ဖိနပ်၊ ပျားအုံ၊ ဂျင်ဂျာ ကျောက်တုံး နဲ့ ပင်လယ် ဖယောင်းတိုင်တို့ လဲ ရှိပါသေးတယ်။
The Queen's Head (女王頭)
Sea Candles (燭台石)
Fairy's Shoe (仙女鞋)
ဒီပုံ ကတော့ နာမည်မတွေ့လို့ ကိုယ့်ကိုကိုယ် ပဲနာမည်ပေးလိုက်တော့မယ်.. မြားနတ်မောင် လို့ခေါ်ပါတယ်..
Ginger Rocks
Looking south toward the cape
Posted by
မီမီဝါ
at
1:58 PM
2
comments
Labels: အလည်အပတ်
Thursday, April 16, 2009
သင်္ကြန်အတွင်း အပျင်းဖြေခြင်း
ဒီနေ့ဆို သင်္ကြန်အတက်နေ့ ပေါ့နော်..ရန်ကုန် မှာတော့ နောက်ဆုံးနေ့ပေါ့နော်..ဒီမှာတော့ နှစ်ရက်နှင့် ပြီးသွားပြီ..သင်္ကြန်အတွင်း အပျင်းပြေ ဂိမ်းဆော့မယ်..အပျင်းလဲပြေ ဗဟုသုတ လဲရ ..တရုတ်စာ လေ့လာသူများအတွက်ပါ.. သိပြီးသားသူများ အတွက် မရည်ရွယ်ပါ..
ွhttp://www.hastars.com/flashgame/play.asp?g=haBrainEng
ပုံရဲ့ ညာဘက်ထောင့် မှဝင်ပြီး တခြား ကစားနည်းများလဲ ရှိပါတယ်..
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကြပါစေ..နှစ်ဆန်းတရက်နေ့ မှာဥပုသ် စောင့်ဖို့ မမေ့ကြနဲ့နော်...
BYE BYE....
Posted by
မီမီဝါ
at
1:10 PM
0
comments
Labels: ဗဟုသုတ