Showing posts with label မုန့်လုပ်နည်း. Show all posts
Showing posts with label မုန့်လုပ်နည်း. Show all posts

Sunday, March 29, 2009

ကိတ်မုန့် ဖုတ်စားရအောင်





ဒီတခါတော့ ကိတ်မုန့်လုပ်စားရအောင်.. လွယ်လွယ်လေးပဲနော်.. ၀ါဝါလဲ အကျွမ်းကြီးတော့ မဟုတ်ဘူးနော်.. တစ်ရက် စူပါမားကတ် သွားတုန်းက cake flour ကိုတွေ့လို့ ကိတ်မုန့် လုပ်စားရအောင် လို့စိတ်ကူးပေါက်လာတယ်..

ပါဝင်သော ပစ္စည်းများကတော့

  1. cake flour ၁၀၀ ဂရမ်
  2. ဆော်ဒါမုန့် ဇွန်းသေး ၁ ဇွန်း
  3. ထောပတ်(ဆားမပါ) ၅၀ ဂရမ်
  4. သကြား ၇၀ ဂရမ်
  5. ကြက်ဥ ၁လုံး
  6. ဆား ၂ ဂရမ်
  7. နွားနို့ ၆၀ စီစီ


အားလုံးကို ရောသမ မွှေ၊ အကင်စက်ထဲ ထည့်ပြီး ၂၅ မိနစ် ဖုတ်ရပါမယ်.. ကိတ်မုန့် ရဲ့အပေါ် မျက်နှာပြင် ပုံမှာ ပြထား သလို နီညိုရောင် သန်းလာရင် အရသာရှိတဲ့ ပလိန်းကိတ် ကိုသုံးဆောင်နိုင်ပါပြီ.. အကယ်လို့ သီးစုံကိတ် လုပ်စားချင်ရင်တော့ စပျစ်သီးခြောက်တို့ ကျောက်ဖရုံ တို့ကို ထည့်လို့ရပါတယ်...

လာလည်တဲ့ မိတ်ဆွေတို့ အားမနာတမ်း အ၀စားသွားကြပါနော်...

မြင်ကွင်းကျယ်သို့...