Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, June 3, 2009

သတင်း

မနေ့က သတင်းတွေ လျှောက်ဖတ်ရင်း weekly eleven မှသတင်းတပုဒ်ကိုကူးယူဖော်ပြလိုက် ပါတယ်.. အောက်မှာ ဖော်ပြထား သောသတင်းပါ..

ဒီမှာလဲ မကြာခဏ သတင်းမှာတွေ့ရပါတယ်..ကလေးရပြီး ကလေးမလိုချင်လို့ ဖျက်ချတာတို့.. ကလေးမွေးပြီး မှကလေးလေးကို တနေရာမှာ စွန့်ပစ်တာကို အရှေ့ရက်က သတင်းမှာတွေ့ လိုက်ရပါတယ်..ကလေးလေးကို အကောင်တွေ ၀ိုင်းကိုက် ထားတာ နီရဲနေတာပဲ..သုံးရက်သားကလေးလေးပဲ ရှိသေးတာ..ကံကောင်းထောက်မလို့ ပြစ်ချထား တဲ့နေရာ ကိုတခြားလူ ကတွေ့ရှိလို့..

နောက်သတင်း တခုရှိပါသေးတယ်..လင်မယား နှစ်ယောက် ရန်ဖြစ်ပြီး ကိုးလသားပဲ ရှိတဲ့ သမီးလေးကို ရေနွေးပူပူ ဆူနေတဲ့ ရေပူ ထဲသို့ ပစ်ချလိုက်တာလဲ သတင်းမှာ တွေ့ရပါတယ်..ဆေးရုံမှာ ကုသတာ မကြာပါဘူး.. ကလေးလေးလဲ အသက်ဆုံးရှုံး သွားပါတယ်..အဖေ ကိုလဲ တသက်တကျွန်း ပို့လိုက်ပါတယ်..ကြားရတဲ့ သတင်းက စိတ်မကောင်းစရာပဲ..

လူတွေလဲ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ကြ...အလုပ်ထဲမှာ pressure တွေများပြီး စိတ်တွေလဲ ပိုပြီးတိုလာ ကြတယ်..ဒီလိုမျိုး နောက်ထပ် မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်..စိတ်တွေလဲရှည်ကြပါ..အပြစ်မရှိတဲ့ ကလေးလေး တွေကို မနှိပ်စက်ကြပါစေနဲ့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ်..

မြင်ကွင်းကျယ်သို့...