Friday, July 3, 2009

မိတ်ဆုံစားပွဲ

ဘလော့ဂ်မရေးတာ တောင်တော်တော် ကြာသွားပြီ...သူများဘလော့ဂ်တွေတော့ သွားလည်ဖြစ်တယ်..ဒီတစ်ခါ ရေးမယ်အကြောင်း ကတော့ စားပွဲ မှာကြုံတဲ့ အကြောင်းလေး ပါ...ဘယ်သူဘယ်ဝါ ကိုမှ လှောင်ပြောင် ပြီးရေးတာ မဟုတ်ပါဘူး...ရေးမှားလို့ ရှိရင်လဲ ခွင့်လွှတ်ပါ..

ဘုံကျောင်း နာမည်တော့ မသိတော့ဘူး..ဘုံကျောင်းက တစ်နှစ်တစ်ခါ မိတ်ဆုံစားပွဲ လုပ်လေ့ရှိပါတယ်.. အဲဒီနှစ်က လုပ်တဲ့ မိတ်ဆုံစားပွဲ က western park မှာပါ..၀ါဝါတို့က သုံးယောက်လား လေးယောက်လား တော့မမှတ်မိ တော့ပါဘူး..တ၀ိုင်းကို ဆယ်ယောက် ထိုင်ရတယ်လေ...ဒါတော့ သူများ နဲ့အတူတူ ထိုင်ရတယ်လေ..ဟင်းတွေလာ ချလို့ ရှိရင် ပထမ တပွဲ နှစ်ပွဲ တောင်ဘယ်လို ပြောင်သွားလဲ မသိဘူး..အရမ်းမြန်တာပဲ..ကိုယ်လဲ မမြန်လို့ မရတော့ဘူးလေ..

ဘုံသုံးတဲ့ ဇွန်းတွေ ထားလဲ ဇွန်းကိုမသုံး ပဲနဲ့ ကိုယ့်တူ နဲ့ ပဲယူစားနေတယ်..အားနာပါးနာ လဲမရှိဘူး..ခေါက်ဆွဲကြော်လား မသိဘူး.. တယောက်က အသားကိုယူ စားပြီးကိုက်လို့ မပြတ်လို့ အဲဒီခေါက်ဆွဲ ကြော်ပန်းကန် မှာပြန်ထည့် ထားတယ်လေ..ပန်းကန်မှာ ကပြောင် သလောက်ဖြစ်နေပါပြီ..အဲဒီအချိန်မှာ သူပြန်ထားတာ ကိုမမြင်လိုက်တဲ့ အခြားတယောက် ကဒါကို ယူစားလိုက်တယ်လေ..၀ါဝါလဲ ဘယ်လိုပြော ရမလဲ မသိဘူး..ကြောင်သွားတယ်..

ဒါကြောင့် စားပွဲတွေ သွားစားလို့ ရှိရင် မျက်စိလျင်မှ ရမယ်နော်...
မိုးလဲချုပ်နေပြီ..အိပ်တော့မယ်...

မြင်ကွင်းကျယ်သို့...

Thursday, June 4, 2009

ရုပ်ရှင်

နှောင်ဂျိန်ပွဲ လေးကြည့်လိုက်ကြရအောင်...



အပိုင်း ၁


အပိုင်း ၂


အပိုင်း ၃


အပိုင်း ၎

မြင်ကွင်းကျယ်သို့...

Wednesday, June 3, 2009

သတင်း

မနေ့က သတင်းတွေ လျှောက်ဖတ်ရင်း weekly eleven မှသတင်းတပုဒ်ကိုကူးယူဖော်ပြလိုက် ပါတယ်.. အောက်မှာ ဖော်ပြထား သောသတင်းပါ..

ဒီမှာလဲ မကြာခဏ သတင်းမှာတွေ့ရပါတယ်..ကလေးရပြီး ကလေးမလိုချင်လို့ ဖျက်ချတာတို့.. ကလေးမွေးပြီး မှကလေးလေးကို တနေရာမှာ စွန့်ပစ်တာကို အရှေ့ရက်က သတင်းမှာတွေ့ လိုက်ရပါတယ်..ကလေးလေးကို အကောင်တွေ ၀ိုင်းကိုက် ထားတာ နီရဲနေတာပဲ..သုံးရက်သားကလေးလေးပဲ ရှိသေးတာ..ကံကောင်းထောက်မလို့ ပြစ်ချထား တဲ့နေရာ ကိုတခြားလူ ကတွေ့ရှိလို့..

နောက်သတင်း တခုရှိပါသေးတယ်..လင်မယား နှစ်ယောက် ရန်ဖြစ်ပြီး ကိုးလသားပဲ ရှိတဲ့ သမီးလေးကို ရေနွေးပူပူ ဆူနေတဲ့ ရေပူ ထဲသို့ ပစ်ချလိုက်တာလဲ သတင်းမှာ တွေ့ရပါတယ်..ဆေးရုံမှာ ကုသတာ မကြာပါဘူး.. ကလေးလေးလဲ အသက်ဆုံးရှုံး သွားပါတယ်..အဖေ ကိုလဲ တသက်တကျွန်း ပို့လိုက်ပါတယ်..ကြားရတဲ့ သတင်းက စိတ်မကောင်းစရာပဲ..

လူတွေလဲ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ကြ...အလုပ်ထဲမှာ pressure တွေများပြီး စိတ်တွေလဲ ပိုပြီးတိုလာ ကြတယ်..ဒီလိုမျိုး နောက်ထပ် မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်..စိတ်တွေလဲရှည်ကြပါ..အပြစ်မရှိတဲ့ ကလေးလေး တွေကို မနှိပ်စက်ကြပါစေနဲ့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ်..

မြင်ကွင်းကျယ်သို့...