Wednesday, August 26, 2009

Taipei zoo သို့အလည်တခေါက်

ပြီးခဲ့တဲ့ တနင်္ဂနွေက တိရစ္ဆာန် ဥယျာဉ် သို့အလည်တခေါက်ရှောက်ရှိခဲ့ပါတယ်..လက်မှတ်က အလကားရလို့ ... လူကြီး နှစ်ယောက် လက်မှတ် နှင့် ကလေးလက်မှတ် နှစ်စောင်ပါ.. ပြီးတော့ အထဲမှာ ၀ယ်စားဖို့ ၂၀၀ လဲပေးပါတယ်.. တခြားနှစ်ယောက်က မသွားလို့ ၀ါဝါကို ပေးလိုက်တော့ လက်မှတ်တွေက အများကြီးပဲ.. ၀ယ်စားလို့လဲ အများကြီး ရသွားတယ်လေ... ခုတောင် လက်မှတ် ကျန်သေးတယ်.. လကုန်ထိပဲသွားလို့ရပါတယ်. ..

အရင်တုန်းက သွားတုန်း ကမြေအောက်ရထား စီးသွားတယ်လေ.. စနေ နှင့် တနင်္ဂနွေ နှစ်ရက် မြေအောက်ရထား ပြင်နေလို့ ဆိုင်ကယ်နဲ့ သွားပါတယ်... ဆိုင်ကယ် နှင့် သွားတာ ပိုပြီးအဆင်ပြေပါတယ်.. အလွန်ဆုံး နာရီဝက် ဆိုရောက်ပါတယ်.. မြေအောက်ရထားဆို တနာရီကျော်လောက် ကြာပါတယ်.. နှစ်ခါလောက် ပြောင်းစီးရပါတယ်.. ဟိုရောက်တော့ ၉နာရီရှိပါပြီ.. ၉နာရီစဖွင့် တာ.. လူမရှိဘူးထင်နေတာ လူတွေအများကြီးပဲ...ကလေးတွေလဲ ကျောင်းနှစ်လပိတ်ထားတော့ ကလေးတွေလဲ အများကြီးပဲ...

ဝင်ဝင်ချင်းမှာပဲ Panda bear ကိုကြည့်ဖို့ လက်မှတ်ပေးပါတယ်.. ၉နာရီ ၄၀ မှဆိုတော့ Koala ကိုအရင် သွားကြည့် တယ်. တကောင်ပဲ တွေ့တယ်..အိပ်နေလို့ အပြင်က ပို့စတာ ကိုပဲရိုက်လာတော့တယ်... ချစ်စရာလေးနော်..



ဘယ်ဘက်ကို ဆက်လျှောက်သွားတော့ Parrot အရောင်စုံလေးတွေကို သွားကြည့်တယ်... အရောင်သုံး မျိုးတွေ့ရပါတယ်...၀ါ စိမ်း ပြာ သုံးကောင်လေ..



ဘေးနား မှာ Pony Horse လဲရှိတယ်လေ.....

အောက်ကပုံက Linnaeus's Two-toed Sloth လို့ခေါ်ပါတယ်... တရက်ကို ၁၅နာရီလောက် အိပ်ပါတယ်.. ထလာလို့ ရှိရင် လဲ လှုပ်ရှားမှု လဲနည်းတယ်လို့ ရေးထားပါတယ်.. ကြည့်ပြီးထွက်လာတော့ ၉နာရီ ခွဲသွားပါပြီ... Panda bear ကိုသွားကြည့် ဖို့အချိန်က နီးလာပြီး ဆိုတော့ တန်းမြန်မြန် သွားစီပါတယ်..



Panda bear နှစ်ကောင်ကို တရုတ်ပြည်က လက်ဆောင် ပေးထားတာလေ.. တရုတ်နှစ်သစ် ကူးခါနီး ကပေါ့ .. သွားကြည့်တဲ့ လူတွေဆိုအများကြီးပဲ.. လူဦးရေ ကလဲ ကန့်သတ်ထားတယ်လေ... အဲဒီတုန်းက ဆို လူတွေများမှများ သတင်းမှာ အမြဲ ပြတယ်....အောက်ကပုံကတော့ အ၀င်ဝမှာပါ..



ထွမ်ထွမ် ရွမ်ရွမ် လို့ခေါ်ပါတယ်.. မြန်မာလို့ အဓိပ္ပာယ် ပြန်မယ်ဆိုရင် စည်းစည်းလုံးလုံး လို့အဓိပ္ပာယ် ရပါတယ်..



လက်ဆောင်ပစ္စည်းလေးတွေပါ.. လည်ပင်မှာပတ်ထားတဲ အပြာနဲ့ အနီမှာ နာမည်လေးတွေရေးထားပါတယ်... တကောင် ကို ၄၉၉ ပါ....ကြိုက်တာလေးတွေ ယူသွားလို့ရတယ်နော်....







ကားကို ရထားပုံစံ လုပ်ထားတယ်.. ပုံစံအမျိုးမျိုးပဲ..ရထားခေါင်းကိုမရိုက်မိလို့ ထိုင်နေတဲ့နေရာကနေ ရိုက်လိုက်ရပါတယ်.....

Pigeon လေးတွေ ကိုအစာကျွှေးနေပါတယ်...အကောင်ရေတွေလဲ နည်းလာသလိုပဲ.. အရင်တုန်းက လာကြည့် တုန်းက အများကြီးပဲ.. အစာကျွှေးနေတော့ ရေထဲကို ဆင်းလဲမဆင်း ဘူး..ရေကူးနေ ရင်ကြည့်လို့ပိုကောင်းတယ်လေ...

စတိုင်ကျကျနဲ့ လမ်းလျှောက်နေတယ်..










အပြင်ပြန်ရောက်လာတော့ M (i'm lovin' it) မှာ hamburger ၀ယ်စားတယ်..လူတွေအများကြီးပဲ.. ထိုင်ဖို့ နေရာမရှိတော့ဘူး.. စင်ရှေ့ မှာခုံတွေချထားလို့ အဲဒီမှာ သွားထိုင်စား ပြီးပြန်လာကြတယ်လေ...ဘိုင်ဘိုင်....

မြင်ကွင်းကျယ်သို့...

Tuesday, August 11, 2009

LeoFoo village သို့အလည်တခေါက်

ဘလော့ဂ်မရေးတာ ကြာလှပြီ..ဟိုတနေ့က လက်မှတ် နှစ်စောင် အလကားရလို့ ရှင်းကျူ မှာရှိတဲ့ LeoFoo village ကစားကွင်း တခုသို့ အလည်တခေါက် ရှောက်ရှိ ခဲ့ပါတယ်...မုန်တိုင်း သောကြာနေ့ က၀င်ရောက် ခဲ့ပါတယ်..စနေနေ့ ကထွက်သွားပါတယ်..ဒါပေမယ့် တနင်္ဂနွေ မှာလဲ မိုးကဆက်ပြီး ရွာနေပါတယ်..ကိုယ်ကလဲ သွားကစားချင်တော့ နောက်အပတ်ထိ မစောင့်နိုင် ပဲမိုးဖွဲဖွဲ ရွာနေတဲ့ ကြားကရောက်သွားပါတယ်...ကျင်အန်း မြေအောက်ရထား ထွက်ပေါက်မှာ ကားသွားစီး ပါတယ်... တယောက်ကို ကားခ NT ၁၁၈ ပေးရပါတယ်.... ကားတနာရီ လောက်စီးရပါတယ်...
အောက်ကပုံကတော့ အ၀င်ဝမုဒ်ဦးပါ...


Screaming condor ကစားနည်းပါ..ဓာတ်ခဲ ကအားသိပ်မရှိလို့ ဗီဒီယို တောင်သိပ်မရိုက်လာဖြစ်ဘူး..ဗီဒီယို ရိုက်မယ်ဆိုရင် ကင်မရာက ပိတ်ပိတ်သွားလို့ ဓာတ်ပုံကို တောင် မီးမဖွင့်ပဲ ရိုက်လာရပါတယ်..ဒါကြောင့်မို့လို့ သူများရိုက်ထားတာကိုပဲ ကူးယူတင်ပြလိုက်ပါတယ်...




ရထားနှင့်ကားစီးပြီး လိုက်ကြည့်တုန်းက ရိုက်ထားတဲ့ပုံတွေပါ...အောက်ကပုံ ထဲမှာ တိရစ္ဆာန် အတုလဲ ပါတယ်နော်....

















ဒါကတော့ သူတို့ရဲ့ guide map စာရွက်လေးပါ..အနှစ် ၃၀ ပြည့်အထိမ်းအမှတ် အနေနှင့် ၇လပိုင်းနှင် ၈လပိုင်း နှစ်လကို အထူးလျှော့ ဈေးနှုန်းနှင့် ဈေးလျှော့နေပါတယ်...NT ၄၅၀ ပါ.. ပုံမှန် အချိန်ဆို ရင် NT ၈၉၀ ရှိပါတယ်..
သူတို့ website ကိုလဲသွားရောက်လည်ပတ်နိုင်ပါတယ်.. http://www.leofoo.com.tw/village/








အိပ်တော့မယ်..ဘိုင်ဘိုင်...

မြင်ကွင်းကျယ်သို့...