ပြီးခဲ့တဲ့ တနင်္ဂနွေက တိရစ္ဆာန် ဥယျာဉ် သို့အလည်တခေါက်ရှောက်ရှိခဲ့ပါတယ်..လက်မှတ်က အလကားရလို့ ... လူကြီး နှစ်ယောက် လက်မှတ် နှင့် ကလေးလက်မှတ် နှစ်စောင်ပါ.. ပြီးတော့ အထဲမှာ ၀ယ်စားဖို့ ၂၀၀ လဲပေးပါတယ်.. တခြားနှစ်ယောက်က မသွားလို့ ၀ါဝါကို ပေးလိုက်တော့ လက်မှတ်တွေက အများကြီးပဲ.. ၀ယ်စားလို့လဲ အများကြီး ရသွားတယ်လေ... ခုတောင် လက်မှတ် ကျန်သေးတယ်.. လကုန်ထိပဲသွားလို့ရပါတယ်. ..
အရင်တုန်းက သွားတုန်း ကမြေအောက်ရထား စီးသွားတယ်လေ.. စနေ နှင့် တနင်္ဂနွေ နှစ်ရက် မြေအောက်ရထား ပြင်နေလို့ ဆိုင်ကယ်နဲ့ သွားပါတယ်... ဆိုင်ကယ် နှင့် သွားတာ ပိုပြီးအဆင်ပြေပါတယ်.. အလွန်ဆုံး နာရီဝက် ဆိုရောက်ပါတယ်.. မြေအောက်ရထားဆို တနာရီကျော်လောက် ကြာပါတယ်.. နှစ်ခါလောက် ပြောင်းစီးရပါတယ်.. ဟိုရောက်တော့ ၉နာရီရှိပါပြီ.. ၉နာရီစဖွင့် တာ.. လူမရှိဘူးထင်နေတာ လူတွေအများကြီးပဲ...ကလေးတွေလဲ ကျောင်းနှစ်လပိတ်ထားတော့ ကလေးတွေလဲ အများကြီးပဲ...
ဝင်ဝင်ချင်းမှာပဲ Panda bear ကိုကြည့်ဖို့ လက်မှတ်ပေးပါတယ်.. ၉နာရီ ၄၀ မှဆိုတော့ Koala ကိုအရင် သွားကြည့် တယ်. တကောင်ပဲ တွေ့တယ်..အိပ်နေလို့ အပြင်က ပို့စတာ ကိုပဲရိုက်လာတော့တယ်... ချစ်စရာလေးနော်..

အပြင်ပြန်ရောက်လာတော့ M (i'm lovin' it) မှာ hamburger ၀ယ်စားတယ်..လူတွေအများကြီးပဲ.. ထိုင်ဖို့ နေရာမရှိတော့ဘူး.. စင်ရှေ့ မှာခုံတွေချထားလို့ အဲဒီမှာ သွားထိုင်စား ပြီးပြန်လာကြတယ်လေ...ဘိုင်ဘိုင်....
2 comments:
ပျော်ရွှင်စရာလေးဖြစ်ခဲ့မှာပေါ့
ကျွန်တော်တို့လည်း သွားမယ် သွားမယ်နဲ့
ပန်ဒါရောက်ပြီးထဲက မရောက်ဖြစ်သေးဘူး
ဒီတပါတော့ သွားဖြစ်အောင် သွားအုံးမှပဲ
မိုးရွာရင်တော့ သွားလို့မကောင်းဘူ မ၀ါရေ...
ထွမ်ထွမ်ရွမ်ရွမ်= စည်းစည်းလုံးလုံး ;)
Post a Comment