Friday, July 3, 2009

မိတ်ဆုံစားပွဲ

ဘလော့ဂ်မရေးတာ တောင်တော်တော် ကြာသွားပြီ...သူများဘလော့ဂ်တွေတော့ သွားလည်ဖြစ်တယ်..ဒီတစ်ခါ ရေးမယ်အကြောင်း ကတော့ စားပွဲ မှာကြုံတဲ့ အကြောင်းလေး ပါ...ဘယ်သူဘယ်ဝါ ကိုမှ လှောင်ပြောင် ပြီးရေးတာ မဟုတ်ပါဘူး...ရေးမှားလို့ ရှိရင်လဲ ခွင့်လွှတ်ပါ..

ဘုံကျောင်း နာမည်တော့ မသိတော့ဘူး..ဘုံကျောင်းက တစ်နှစ်တစ်ခါ မိတ်ဆုံစားပွဲ လုပ်လေ့ရှိပါတယ်.. အဲဒီနှစ်က လုပ်တဲ့ မိတ်ဆုံစားပွဲ က western park မှာပါ..၀ါဝါတို့က သုံးယောက်လား လေးယောက်လား တော့မမှတ်မိ တော့ပါဘူး..တ၀ိုင်းကို ဆယ်ယောက် ထိုင်ရတယ်လေ...ဒါတော့ သူများ နဲ့အတူတူ ထိုင်ရတယ်လေ..ဟင်းတွေလာ ချလို့ ရှိရင် ပထမ တပွဲ နှစ်ပွဲ တောင်ဘယ်လို ပြောင်သွားလဲ မသိဘူး..အရမ်းမြန်တာပဲ..ကိုယ်လဲ မမြန်လို့ မရတော့ဘူးလေ..

ဘုံသုံးတဲ့ ဇွန်းတွေ ထားလဲ ဇွန်းကိုမသုံး ပဲနဲ့ ကိုယ့်တူ နဲ့ ပဲယူစားနေတယ်..အားနာပါးနာ လဲမရှိဘူး..ခေါက်ဆွဲကြော်လား မသိဘူး.. တယောက်က အသားကိုယူ စားပြီးကိုက်လို့ မပြတ်လို့ အဲဒီခေါက်ဆွဲ ကြော်ပန်းကန် မှာပြန်ထည့် ထားတယ်လေ..ပန်းကန်မှာ ကပြောင် သလောက်ဖြစ်နေပါပြီ..အဲဒီအချိန်မှာ သူပြန်ထားတာ ကိုမမြင်လိုက်တဲ့ အခြားတယောက် ကဒါကို ယူစားလိုက်တယ်လေ..၀ါဝါလဲ ဘယ်လိုပြော ရမလဲ မသိဘူး..ကြောင်သွားတယ်..

ဒါကြောင့် စားပွဲတွေ သွားစားလို့ ရှိရင် မျက်စိလျင်မှ ရမယ်နော်...
မိုးလဲချုပ်နေပြီ..အိပ်တော့မယ်...

2 comments:

သူကြီးမင်း (တုံးဖလား) said...

စားပွဲတွေရှိရင် မျက်စိခပ်ရှင်ရှင်ထားတော့မယ်။ တော်ကြာ သူများပါးစပ်ထဲ ရောက်ပြီးသား စားမိရက်ဖြစ်နေဦးမယ်။

ဝါ၀ါကတော့ မစားခဲ့လောက်ပါဘူးနော်။
ဟဲ ဟဲ။
စတာပါ။

မြစ်ကျိုးအင်း said...

မ၀ါကမမေးလိုက်ဘူးလား စားရသာ အရသာ ဘယ်လိုနေလဲလို့လေ..။
မိတ်ဆုံစားပွဲဆိုလို့ ၀ါးတီးထင်ပြီးပြေးလာတာ
တော်သေးတယ် အကျန်နဲ့မတိုးလို့...
...ခင်မင်သောအားဖြင့်...