Sunday, January 4, 2009

Visit to Jiufen

၂၀၀၈နှစ်ကုန်ပြီး ၂၀၀၉နှစ်ဆန်းတစ်ရက်နေ့မှာ အလုပ်ပိတ်လို့ ဘယ်သွားရမလဲလို့ စဉ်းစားရင်း台北縣瑞芳鎮 မှာရှိတဲ့ Jiufen/ 九份 လို့ခေါ်တဲ့မြို့တစ်မြို့ ကို သွားလည်ရင် ကောင်းမလားလို့ အလည်ရောက်ခဲ့ ပါတော့တယ်.. 九份 ကကြားဖူးတာတော့ ကြာပြီ.. သူများတွေက ပြောတယ်.. ဘာမှမရှိဘူးတဲ့ ..အဲဒါနဲ့ မသွားဖြစ်ဘူး..တစ်ရက်မှာ ကိုးရီးယားဇာတ်လမ်းတွဲ ကိုထိုင်ကြည့်နေတယ် အဲဒီဇာတ်လမ်းတွဲ 真愛On Air လို့ခေါ်တဲ့ ဇာတ်ကားက အဲဒီမှာ သွားရိုက်ထားတာ.. ပိုပြီးစိတ်ဝင်သွားတယ်...သွားမယ်ဆိုတော့ ဘယ်လိုသွားရလဲ လို့လိုက်မေးရတယ်..အဖြေသိပြီ..ကိုယ်နေတဲ့နေရာကနေ မြေအောက်ရထားစီး စီးပြီးရင်း ကားပြောင်းစီး ရတယ်.. ကားခက NT $ 87 ပါ.. ကားတစ်နာရီ ကျော်လောက် စီးရတယ်..အောက်ကပုံကတော့ ကားပေါ်က ရိုက်ထား တဲ့ပုံ လေးပါ..





လူတွေလူတွေ ဘယ်ကလာမှန်းကို မသိဘူး .. အများကြီးပဲ...လမ်းလျှောက်လို့ကို မရပါ.. တန်းစီပြီး လျှောက်နေရတယ်..ပွဲဈေးတန်း ပတ်သလိုပါပဲ..ဘာမှလဲမမြင်ရပါ..




ဒီပုံကတော့ အဟောင်း motorcycle & trumpet ပါ..စားသောက်စရာတွေကလဲ အတုတွေပါ..show case မှာ ထည့်ပြီး ပြသထားတာပါ..


အာလူးကြော်ပါ.. အရသာအမျိုးမျိုး နဲ့မှာယူသုံးဆောင်နိုင်ပါတယ်..


တိုးပြီးဝှေ့ပြီး ကင်မရာကို အပေါ်ထောင်ပြီး ရိုက်ထားတာပါ..အမှတ်တရ လေးပါ..






မောသွားတာပဲ..လူရှင်းတဲ့နေရာ လေးရောက်လာပါပြီ ..လေကောင်းလေသန့်အ၀ ရှုလိုက်ပါပြီ .. တောင်ပေါ်ကနေ ရိုက်ထားတဲ့ပုံလေးပါ.. ကားတွေတန်းစီပြီး တက်နေကြတုန်းပါ..







အပြင်ခရီးမှာလဲ တော်တော်ပင်ပန်းတာပဲ..ကားနာရီဝက်ကျော်လောက် စောင့်လိုက်ရပါတယ်..ကံကောင်း ထောက်မလို့ ကားရပါတယ်..ကားပေါ်ရောက်တော့ ထိုင်ခုံနေရာမရှိပါ..ဒီအတိုင်းသာ မတ်တပ်လိုက်ရရင် တော့မလွယ်လိုက်လေ ဖြစ်ခြင်း..၁၅မိနစ်လောက်စီးပြီး နေရာရသွားပါတယ်.. ဟူးဟူး.. တော်သေး တာပေါ့..နောက်အခါဆို နေ့ကြီးရက်ကြီး ပိတ်ရက်တွေဆို မသွားတော့ပါဘူး..台北 ပြန်ရောက်တော့ အ၀တီးတော့တာပါပဲ..


လက်ဆောင်(ဖိနပ်သော့ချိတ်) တွေ အများကြီးယူလာတယ်နော်..ကြိုက်တာယူသွားကြနော်..ဘိုင်ဘိုင်..



1 comment:

Welcome said...

ခရီးသွားပို့စ်လေးကို လာဖတ်ဖြစ်ပါတယ်။
ဓာတ်ပုံနဲ့ ဝေေ၀ဆာဆာ တင်ပြပေးလို့
စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
လက်ဆောင်လေးပါ ယူသွားပါတယ်

http://winzaw-mdy.blogspot.com