
Christmas နှင့် New year ပြီးတော့ တရုတ်နှစ်သစ်ကူးလာပါတော့မယ်..ဒီတစ်နှစ်ကတော့ ၁လပိုင်း ၂၅ မှ ၂၉အထိပါ..တရုတ်နှစ်သစ်ကူးသည် ကမ္ဘာတ၀ှမ်းရှိ တရုတ်လူမျိုးများ အတွက်အလွန် အလွန် အရေးကြီး ပါတယ် .. တရုတ်ပြက္ခဒိန် ဟာ လပေါ်မူတည်ပြီး ပြောင်းပါတယ်..နေပေါ်မမူတည်ပါဘူး ..နွေရာသီ ပွဲ တော် လို့လဲခေါ်ပါတယ်...


တရုတ်နှစ်ကူး ကို ၁၅ရက်ကျင်းပလေ့ရှိပါတယ်..နှစ်ကူးအကြို ရက်မှာမိသားစုလက်ဆုံစားပွဲရှိပါတယ်.. ဘယ်နေရာရာရောက်ရောက် ဘယ်လောက်ပဲဝေးဝေး ဒီရက်ရောက်ရင် အိမ်ပြန်ရပါတယ်..ခရစ်စမတ် နှင့်အတူတူပါပဲ...ဆွေမျိုးတွေလဲ အိမ်အလည်လာကြပါတယ်..


အသက်ကြီးတဲ့လူနှင့် မင်္ဂလာဆောင်ပြီးတဲ့ လူတွေက လူငယ်တွေကို ဟုတ်ပေါင်း(hongbao)ပေးကြပါတယ်..ငယ်ငယ်တုန်းက ဆိုရင်အရမ်းပျော်တာပဲ .. မနက်ပိုင်းဆိုရင် ၀ိုင်းလုပ်ကူ..တဖက်ကူ တဖက်မြည်း ဟီးဟီး ကူလဲကူ တုတ်လဲတုတ်ဆိုတာ ဒါပဲ.. စားပြီးရင် ပါးပါး မားမား ကို "ဟက်ပီး နယူးရီးယား ဟုန်ပေါင်းပေး"..အနီရောင် အထုတ်လေးကို မြင်ရင် သိပ်ပျော်တာပဲ.. အထဲမှာ များလားမများလား..ဟဲဟဲ..နှစ်ကူးရဲ့ နှစ်ဆန်းတစ်ရက် မှာအင်္ကျီ အသစ်ဝတ်ရ ပါတယ်..ဒါကြောင့် မရောက်ခင် အင်္ကျီ ၀ယ်ပေးဝယ်ပေး ပူဆာလေ့ရှိတယ်..တရုတ်လူမျိုးတွေ က အနီရောင် သိပ်ကြိုက်ကြပါတယ်..အနီရောင်က Luck ကောင်းတယ်လို့ပြောကြပါတယ်..ဒါကြောင့် တချို့ လူတွေဆို လောင်းကစားလုပ်လို့ ရှိရင် အနီရောင် ကိုဝတ်ဆင်လေ့ရှိပါတယ်...


နောက်ဆုံးရက်ကတော့ တရုတ်မီးထွန်းပွဲတော် ပါ..လှပသော မီးအိမ်လေး လေးတွေ လမ်းပေါ်မှာ အလှဆင် ထားကြပါတယ်..အရမ်းကို လှပါတယ်..တရုတ်နှစ်ကူးကို ကြိုဆိုလျက် အားလုံးပျော်ရွှင်ချမ်းမြေ့ ကြပါစေ..



