Saturday, October 25, 2008

ရယ်စရာဟာသလေးပါ...

ဒီတစ်ခါတော့ ဟာသလေးကိုတင်ဆက်သွားပါမယ်..

ဇာတ်လမ်းကတော့
အင်မတန် ချောမောလှပတဲ့ မင်းသမီးနှင့် အရမ်းအရမ်း အမြောက်ကြိုက်တဲ့ မင်းသား စုံတွဲတစ်တွဲ ရှိတယ် .. တစ်ရက်မှာ သူတို့နှစ်ယောက် ဟာ အပျင်းပြေလေး ဈေးဝယ်ထွက် ကြပါတယ် .. ဘာလေးညာလေး ၀ယ်ဖို့ပေါ့နော် .. ဈေးဝယ်ထွက်တယ် ဆိုတာ တကယ်ဈေးကို သွားတာမဟုတ်ဘူးနော် .. စူပါမတ်ကတ် ကိုပြောတာနော် .. စူပါမတ်ကတ် မှာဆို အစုံရောင်းတာပေါ့ နော်.. ဒါပေမယ့် တချို့ လူတွေက ပြော တယ် .. အသားဝယ်မယ် ဆိုရင် စူပါမတ်ကတ်မှာ ဆိုမလတ်ဆတ် ဘူးပေါ့နော် .. နှစ်ယောက်သား အသားတန်း ရောက်တော့ အသားဝယ်မလို့ ပေါ့နော် .. မင်းသားက အသားကိုယူပြီး နမ်းကြည့်တာပေါ့ .. ပြီးတော့ သူ့မိန်းမ ကိုနမ်းခိုင်းတာ ပေါ့နော် .. မင်းသမီး နမ်းတဲ့အချိန်မှာ မင်းသမီးက ပြောတယ် နံ့တယ်တဲ့ မ၀ယ်နဲ့တဲ့ .. အဲဒီ အချိန်မှာ မင်းသားက ထရယ်ပါလေရော် ... ဘာကြောင့်လဲ ဆိုတာ သိကြရဲ့လား ???


အဘယ်ကြောင့်လဲဆိုတော့
မင်းသားက လေလယ်သွားလို့လေ...

မြင်ကွင်းကျယ်သို့...

Friday, October 24, 2008

ရုပ်ရှင် ဝှက်တမ်း

ကျွန်မ တစ်နေ့က ကိုးရီးယားဇာတ်လမ်းတွဲကြည့်ရင် အစီအစဉ်ကြေငြာဝင်လာပါတယ်..ရယ်စရာကောင်းတဲ့
အစီအစဉ်ကြေငြာပါ..အကြောင်းအရာကတော့

ကျွန်မတို့ ငယ်ငယ်တုန်းက ခေတ်စားတဲ့ ကစားနည်း တစ်ခုရှိပါတယ်..ကျောင်းအတန်းထဲမှာ အားလပ်ချိန်တို့ ဆရာမမလာတဲ့ အချိန်တို့ မုန်းစားဆင်းချိန်တို့ ကစားပါတယ် ..အဲဒါကတော့ ရုပ်ရှင်ဝှက် တမ်းပါ .. အဖွဲ့ နှစ်ဖွဲ့လုပ်ပြီး အဖွဲ့တစ်ဖွဲ့က မေးခွန်း(ဥမမာ:ရုပ်ရှင်ဇာတ်လမ်းနာမည်)ထုတ်ပြီး တခြားတစ်ဖွဲ့က ကိုယ်ဟန် လက်ဟန်လုပ်ပြီး အဖွဲ့သား အချင်းချင်း ပြန်ဖြေရပါတယ်..အကယ်၍ဖြေနိုင်ရင် ဖြေနိုင်တဲ့  အသင်း ကအမှတ်ရရှိပါတယ် .. မဖြေနိုင်ရင် မေးခွန်းထုတ်တဲ့ အသင်းက အနိုင်ရရှိပါတယ် .. တော်တော် ပျော်စရာ ကောင်းတဲ့ ကစားနည်း လေးပါ ..နိဒါန်း ပျိုးတာ နည်းနည်းရှည်သွားတယ်.. လိုရင်း မရောက်ပဲဖြစ်နေတယ်..

တီဗွီကြေငြာ လေးက အင်္ဂလိပ်စာရုပ်ရှင်ဝှက် တမ်းလေးပါ ..သူမေးတဲ့မေးခွန်း လေးက ဂျပန်ရဲ့ နာမည်ကြီး ဖူဂျီစံ (富士山)မြန်မာအသံထွက်ကတော့ (ဖူ့ဆက်စန်း)(Mount Fuji)ပါ.. သရုပ်ပြတဲ့ မင်းသမီးက အသက်ကြီး တဲ့လူပါ..ဒါပေမယ့် အဲဒီမင်းသမီး ကအရမ်းပျော်တတ်ပါတယ်.. လူငယ်တွေကြားမှာ အမြဲတမ်းပါတယ်.. ရုပ်ကလဲ ချောတယ်နော်.. အသက်ကြီးပေမယ့် တော်တော်လေးကို ပျော်တတ်တဲ့ လူပါ.. ကဲဘလော့ဂါ မိတ်ဆွေတို့ သင်တို့ဆိုရင် ဘယ်လိုသရုပ်ပြမလဲ??


Answer : မင်းသမီး သရုပ်ပြတာကတော့ လွယ်လွယ်လေးပါ.. ဂဏန်း နှစ်ထဲက လေးဆယ့်ငါးနုတ်ရင် အဖြေက ဖူ့လေးဆယ်သုံး.. (၂-၄၅= -၄၃) ဖူ့က(minus) ပါ.. ဆက်စန်း က (၄၃)..အဲဒါကြောင့် ဖူ့ဆက်စန်း ပါ..

မြင်ကွင်းကျယ်သို့...

Sunday, October 19, 2008

Belated Birthday !

ဘလော့ဂ်ရေးတာ တခါမှစာအများကြီး မရေးဖူးဘူး... ဘာရေးရမှန်းလဲမသိဘူး... ရေးမတတ်တာလဲ ပါတာပေါ့နော်.. ဘလော့ဂ်မိတ်ဆွေတွေ ရေးထားကြတာ အားရစရာကြီး .. ဖတ်လို့တောင် မနိုင်ဘူး...

သူငယ်ချင်း (မမိုးမိုး) က ပြောတယ်... ဘာမှလဲမရေးဘူးတဲ့.. နည်းနည်းပါးပါးရေးပါတဲ့... အားပေးနေတယ်ပေါ့လေ..ဟဲဟဲ..အဲဒါကြောင့်စမ်း ရေးကြည့်မယ်လို့... ဘာရေးရမလဲ စဉ်းစားတော့ ကိုယ့်ရဲ့မွေးနေ့ကို ရေးရမလားလို့.. အမှတ်တရ အနေနဲ့ပေါ့.. မွေးနေ့ကတော့ လွန်သွားပါပြီ...ကိုယ့်ရဲ့မွေးနေ့မှာ ဘာလုပ်ရမလဲလို့.. ရန်ကုန်မှာဆိုရင်တော့ ရွှေတိဂုံ ဘုရားသွားတယ်.. သူငယ်ချင်းတွေနဲ့ နေရာစုံ လျှောက်လည်ကြတယ် ၊ သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးတယ် .. သူငယ်ချင်းတွေက လက်ဆောင်ပေးတယ်..ပျော်စရာကြီးပေါ့နော်.. လက်ဆောင် ဖောက်ရတာ သိပ်ဝါသနာပါတယ်..

ဒီမှာကျတော့ ကိုယ်အလုပ်နဲ့ကိုယ် .. ချိန်းဖို့လဲမလွယ်ဘူးနော်.. ကိုယ်အားတယ်.. သူတို့ကမအားဘူး.. ကိုယ်မအားဘူး.. သူတို့ကအားတယ်.. အဲဒါနဲ့ တော်တော်လေးကို ချိန်းယူရတယ်.. ဒါကြောင့် ကိုယ့်မွေးနေ့ပွဲမှာ ဘယ်သူ့ကိုမှမချိန်းဖြစ်ပါဘူး.. အိမ်မှာပဲ ဘဲကင် ၊ ကိတ်မုန့်နဲ့ ရေခဲမုန့် ပဲဝယ်စားလိုက်တယ်.. ကံကောင်းလို့ အဲဒီနေ့က ကိုယ့်ရဲ့အလုပ်ပိတ်ရက်လေ ..
စားပြီးတော့ ဘယ်သွားရင်ကောင်း မလဲလို့စဉ်းစာရင် လူငယ်အများစုသွားတဲ့ ရှီးမင်သင်း(西門町)သို့ရောက်သွားပါတယ်..ရှီးမင်သင်းနေရာရဲ့ နေ့ခင်းမြင်ကွင်းလေးပါ..



မြေအောက်ရထားက ထွက်လာလို့ရှိရင် မြင်ရမယ့် ESLITE SHOPPING MALL ပါ..







လူငယ်တွေရဲ့စုစည်းတဲ့နေရာလေးပါ.. အဲဒီမှာဆို..အစုံရှိတယ်.. ရုပ်ရှင်ကြည့် မလား ၊ ပစ္စည်းဝယ်မလား ၊ တက်တူး ထိုးမလား ၊ ဂိမ်းဆော့မလား ၊ မုန့်စားမလား ၊ အလှပြင်မလား ၊ fancy ပစ္စည်းစတာတွေ ကြိုက်တာ ၀ယ်ယူလို့ရပါတယ်.. တခါတလေ စတိတ်ရှိုး လဲကျင်းပလေ့ ရှိပါတယ်.. လူကြီးပိုင်း တွေကို သိပ်မတွေ့ရ သလောက်ပဲ.. လူငယ်ရပ်ကွက်ဆိုတော့လေ..


BEAUTY SALON ရဲ့တရုတ်နာမည်ကို မြန်မာလို ဘာသာပြန်မယ်ဆိုရင် ပေါက်တတ်ကရဆံသဆိုင်ပါ.. ဒီဆိုင် လေးကို သတိထားမိတာက တခါတလေ လမ်းဘေးမှာ ကြော်ငြာ တစ်ရှူးထုပ်လေးတွေ ဝေပါတယ်.. နာမည် ကိုဖတ်ကြည့်တာ စိတ်ဝင်စားဖို့ကောင်းတယ်လေ.. ဒီဆိုင်လေးသို့သွားညှပ်ရဲကြပါရဲ့လား ???







Birthday Cake လေးတွေကိုလဲ ဘလော့ဂ်လည်ရင်း အဝသုံးဆောင်သွားကြပါနော်..












မြင်ကွင်းကျယ်သို့...

Friday, October 3, 2008

ပျိုမေတို့အတွက်

နှစ်သက်ရာယူသွားလို့ရတယ်နော်...
















မြင်ကွင်းကျယ်သို့...